fbpx

အိန္ဒြာကျော်ဇင်နဲ့ တွေ့ဆုံခြင်း

“ကလေးကျောင်းပိတ်ပြီဆိုရင် အစ်မက အလုပ်တွေ လုံးဝမလုပ်ဘူး”
နာမည်ကျော်သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ တွေ့ဆုံခိုက် သုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးမယ့် “ငရဲဆိုတာ ဂျိုနဲ့လား” ရုပ်ရှင်အတွက်သရုပ်ဆောင်ရွေးချယ်မှုအကြောင်း “အမျှအမျှ” ရုပ်ရှင်အကြောင်းနဲ့ စီးပွားရေးလုပ်ငန်းအကြောင်းတွေကို မေးမြန်းထားပါတယ်။ 
Voice : ငရဲဆိုတာဂျိုနဲ့လား ရုပ်ရှင်ဇာတ်ကားအတွက် သရုပ်ဆောင်တွေ ရွေးနေတာလေး ပြောပေးပါဦး။ 
EDKZ : ကလေးသရုပ်ဆောင်လေးတွေ ရှာတာပေါ့နော်။ ကိုတီနဲ့ တူတာ တွေ့တယ်။ သူက ကလေးအရွယ် နှစ်ယောက်ပါတယ်။ ကိုတီကတော့ သုံးဆယ်နောက်ပိုင်းကျတော့မှ သူက သရုပ်ဆောင်မှာပေါ့နော်။ အက်တင်လုပ်နိုင်တာလေးတွေရော မျက်နှာပေါက်တွေရော ဘာတွေရောပေါ့။ သူတို့တွေ လျှောက်ကြတာတော့ အများကြီးပဲ။ လျှောက်တဲ့အထဲမှာမှ အတူဆုံးလူကိုရွေးတာ။ ကုန်ကျစရိတ်ကိုတော့ မပြောချင်ပါဘူး။ အဓိကတော့ တကယ် ကွာလတီမီမယ့်ကားမျိုး ဖြစ်စေချင်တယ်။ 
Voice : အဲဒီဇာတ်ကားအတွက် ပြင်ဆင်မှုအပိုင်းကရော။
EDKZ : ကြိုတင်ပြင်ဆင်မှုတွေကတော့ လုပ်နေကြပြီ။ လေးလလောက်တော့ ရှိနေပြီထင်တယ်။ ပရိသတ်အတွက်လည်းကြည့်ရတာ ထိုက်တန်တဲ့ကားမျိုး တကယ်စေတနာပါပြီးတော့ အကောင်းဆုံးကားတစ်ကားဖြစ်အောင်လို့တော့ ရှိသမျှပါသမျှကို ဝိုင်းဝန်းကြိုးစားပြီးတော့ အင်တိုက်အားတိုက်တော့ လုပ်နေကြတာပဲ။
Voice : မကြာခင်ရုံတင်တော့မယ့် အမျှအမျှ ဇာတ်ကားအကြောင်းလည်း ပြောပြပေးပါဦး။ 
EDKZ : အဲဒီကားက ရိုက်ထားတာ နှစ်နှစ်ကျော်လောက်ရှိနေပြီ ထင်တယ်။ ဇာတ်လမ်းကတော့ အိန္ဒိယကား၊ ပြောရမယ်ဆိုရင် မိဘမေတ္တာပါတယ်။ တကယ်ဟော်ရာဆန်တဲ့ ကားမျိုးပေါ့နော်။ ကြည့်ရမယ့် အရသာကတော့ အမျိုးမျိုးပဲ။ အစ်မကျတော့ လုပ်ရတာတော့ ဇာတ်ဝင်ခန်းအလိုက် သရုပ်ဆောင်ရတာ ကြိုးစားပြီးတော့ လုပ်ထားတယ်။ တစ်ကားနဲ့တစ်ကား မတူအောင်ပေါနော့်။ ပရိသတ်ကြိုက်မယ်လို့တော့ ထင်တယ်။ မတူတဲ့ အရသာတစ်ခုနဲ့ လာမှာပေါ့နော်။ 
Voice : အခုဆိုရင် အနုပညာအလုပ်ရော စီးပွားရေးရော လုပ်နေတော့ ဘယ်လိုတွေ အချိန်တွေ မျှတအောင်လုပ်ဖြစ်နေလဲ။ ကလေးတွေအတွက်ရော အချိန်ရရဲ့လား။
EDKZ : စီးပွားရေးလုပ်တယ်ဆိုပြီးတော့ ကျွမ်းကျင်တာမျိုးတော မဟုတ်ဘူးပေါ့။ အစ်မတို့က သရုပ်ဆောင်ဆိုတော့လေ။ စီးပွားရေးပိုင်းတွေဆိုရင် မလုပ်တတ်ဘူး။ အစ်မတို့ရဲ့ “The Bridge” Bag Team  ထဲမှာဆိုရင် အစ်မတစ်ယောက်တည်းမဟုတ်ဘူး။ သူငယ်ချင်းရှယ်ယာပါတယ်။ သူတို့တွေကတော့ တခြားအပိုင်းတွေကို လုပ်တယ်ပေါ့။ အစ်မကတော့ အိတ်တွေရွေးတာတွေ ဒီဇိုင်းတွေဘာတွေ အကုန်လုံးကို အစ်မတာဝန်ပေါ့။ အားလပ်ချိန်ကိုတော့ မရမကတော့ ထုတ်တာပဲ။ ကလေးတွေနဲ့ပေါ့၊ ကလေးကျောင်းပိတ်ပြီဆိုရင် သီတင်းကျွတ်ပိတ်တော့မယ်။ အဲဒီရက်တွေဆိုရင် အစ်မက အလုပ်တွေ လုံးဝမလုပ်ဘူး။ အနုပညာနဲ့ ပတ်သက်ပြီးဘာမှ လက်မခံဘူး။ စီးပွားရေး အပိုင်းတွေဆိုရင်လည်း ဘာမှမလုပ်ဘူး။ ကလေးတွေနဲ့သွားရင် ပျော်ပျော်ရွှင်ရွှင်နဲ့ သွားရတယ်။ စိတ်အပန်းဖြေရတာပေါ့။ 
ခင်ညိုညိုသိမ့်

Source : The Voice