fbpx

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က လိုင်စင်၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက် အထိ လိုင်စင်စုစုပေါင်း ၁၉၈ ခု ထုတ်ပေးထားရှိပြီးဖြစ်

ရန်ကုန်တိုင်းဒေသကြီးရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးအားတွေ့ရစဉ် (ဓာတ်ပုံ– ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က လိုင်စင်၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက် အထိ လိုင်စင်စုစုပေါင်း ၁၉၈ ခု ထုတ်ပေးထားရှိပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန က ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး (၁-၁၀-၂၀၁၉)ရက်နေ့အထိ Nationwide Telecommunications License (၄) ခု၊ Network Facilities Service (Individual) License (၇၂) ခု၊ Network Service License (၁၇) ခု၊ Network Facilities Service (Class) License (၆၆) ခု၊ Application Service License (၃၉) ခု၊ လိုင်စင်စုစုပေါင်း (၁၉၈) ခု ထုတ်ပေးထားရှိပြီး လိုင်စင်ထုတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Source : Xinhua Myanmar