fbpx

AI ကင်မရာ ခြောက်လုံးပါ Vivo 17 Pro စမတ်ဖုန်းသစ် စတင်မိတ်ဆက်

Vivo ကနေပြီး အရှေ့ကင်မရာ နှစ်လုံး၊ ကျောဖက်ကင်မရာ ၄ လုံးကို AI နည်းပညာအသုံးပြု Quad Camera စနစ်အသုံးပြုထားတဲ့ Vivo 17 Pro စမတ်ဖုန်းကို အောက်တိုဘာ ၂ ရက်နေ့က ရန်ကုန်မြို့မှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။

ကင်မရာပိုင်းမှာတော့ အသွင်း၊ အထုတ်ပြုလုပ်နိုင်တဲ့ Dual Pop-UP Selfie Camera စနစ်ကိုအသုံးပြုပေးထားပြီး ပင်မကင်မရာမှာတော့ 32 MP နဲ့ Ultrawide Angle Camera 8MP တွေကိုအသုံးပြုပေးထားပါတယ်။

ဖုန်းနောက်ကျောဘက် ကင်မရာကိုတော့ AI နည်းစနစ်အသုံးပြုထားတဲ့ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ပေးထားပြီးတော့ 48 MP Sony IMX582 ပင်မကင်မရာ၊ 2x Optical  Zoom နဲ့ 10x Optical Zoom ကင်မရာအသုံးပြုထားပြီးတော့ Telephoto ကိုတော့ 13 MP အသုံးပြုပေးထားပါတယ်။

Vivo 17 Pro စမတ်ဖုန်းရဲ့ မျက်နှာပြင်ကတော့ ၆.၄၄ လက်မအရွယ်အစားရှိပြီး Full HD+ Super AMOLED Ultra Fullview မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ ဘတ္တရီပိုင်းမှာတော့ 4100 mAh ကို ထည့်သွင်းပေးထားပြီး Vivo ဖုန်းတွေမှာ မပါဝင်ဘူးသေးတဲ့ USB Type C  ကို အသုံးပြုပေးထားပါတယ်။

အရောင်ပိုင်းအနေနဲ့ကတော့ Vivo 17 Pro ကို Crystal Black နဲ့ Crystal Sky ဆိုပြီး အရောင် ၂ မျိုး ထုတ်လုပ်ထားပြီး Ram 8 GB နဲ့ Rom ပိုင်းကို 128 GB အထိ အသုံးပြုပေးထားပါတယ်။

Vivo 17 Pro စမတ်ဖုန်းတွေကို အောက်တိုဘာ ၅ ရက်နေ့ စတင်ရောင်းချမှာဖြစ်ပြီးတော့ ဈေးနှုန်းကိုတော့ ကျပ်ငွေ ၆၂၉, ၈၀၀ ပေါက်ဈေးရှိပါတယ်။

Tags:

Source : DVB