fbpx

ဆွီဒင်ဆယ်ကျော်သက်၏ ကုလမိန့်ခွန်းကို ရုရှားသမ္မတ ဝေဖန်

ဆွီဒင်ဆယ်ကျော်သက် ဂရက်သာ သန်းဘာ့ဂ်ရဲ့ ကုလသမဂ္ဂမိန့်ခွန်းကို ရုရှားသမ္မတ  ဗလာဒီမာ ပူတင်က အောက်တိုဘာ ၂ ရက်မှာ ဝေဖန်လိုက်ပါတယ်။  

ရုရှားသမ္မတ ပူတင်က သူဟာ ဂရက်သာရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး တခြားလူတွေလို  စိတ်အားထက်သန်တာမျိုး မဖြစ်ဘူးလို့ပြောပါတယ်။    

ခေတ်သစ်ကမ္ဘာရဲ့ ဂေဟစနစ် အပါအဝင် ပြဿနာရပ်တွေအပေါ် လူငယ်တွေ အလေးထားတာ ကောင်းမွန်ပြီး အဲဒီအတွက် သူတို့ကို အားပေးဖို့ လိုတယ်လို့ ပူတင်က  ပြောပါတယ်။  

ဒါပေမဲ့ လူငယ်တွေကို တချို့လူတွေက သူတို့ကိုယ်ကျိုးစီးပွားအတွက် အသုံးချတာမျိုးတော့ ပြစ်တင်ရှုတ်ချသင့်တယ်လို့ ရုရှားသမ္မတ ပူတင်က ပြောခဲ့ပါတယ်။  

ဒါ့အပြင် ခေတ်သစ်ကမ္ဘာကြိးဟာ အပြောင်းအလဲမြန်ပြီး  ရှုပ်ထွေးပွေလီတာကို ဘယ်သူကမှ ဂရက်သာကို ရှင်းမပြဘူးလို့လည်း ပူတင်က   ပြောခဲ့ပါတယ်။ 

ပူတင်က အာဖရိကနဲ့အာရှက လူအတော်များများဟာ ဆွီဒင်နိုင်ငံသားတွေလို  ချမ်းသာချင်ကြတယ်။ သူတို့ကို အာဖရိကမှာ အလျှံအပယ်ရတဲ့နေစွမ်းအင် အသုံးပြုခိုင်းမှာလားလို့   ပူတင်က မေးလိုက်ပါတယ်။ 

အဲဒီ နေစွမ်းအင် ကုန်ကျစရိတ်ကို ဘယ်သူရှင်းပြဖူးလဲလို့ မြို့တော်မော်စကိုမှာ ပြုလုပ်တဲ့ စွမ်းအင်ကွန်ဖရင့်မှာ ရုရှားသမ္မတ  ပူတင်က မေးခွန်းထုတ်ခဲ့ပါတယ်။

Tags:

Source : DVB