fbpx

သူငယ်ချင်း အချင်းချင်း စနောက်ရာမှ ရန်ဖြစ်စကားများပြီး ဓားဖြင့်ထိုးသတ်

တောင်ငူ၊ အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အင်းတကော်မြို့အမှတ် ၂ ရပ်ကွက်တွင် အောက်တိုဘာ ၇ ရက် ည ၁၀ နာရီခန့်က သူငယ်ချင်း အချင်းချင်းစကားများရန်ဖြစ်ပြီး ဓားဖြင့် ထိုးသတ်ကာ ထွက်ပြေးသွားကြောင်း အင်းတကော်နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်ထူးက ပြောကြားသည်။
အဆိုပါနေ့ ညက ပဲခူးမြို့နယ် အင်းတကော်မြို့ အမှတ်၂ ရပ်ကွက်တွင် ဦးသဲလှိုင်စိုး (၃၈ နှစ်) နှင့် ဦးစံကီး (၃၀ နှစ်) တို့ သူငယ်ချင်းနှစ်ဦးသည် စနောက်ပြီးစကားများရန်ဖြစ်ကာ စံကီးက သဲလှိုင်စိုးကို လည်ပင်း၊ ရင်အုံနှင့် မေးစေ့အောင်ဘက်တို့ကို ဓားဖြင့် စုစုပေါင်းသုံးချက်ထိုးသတ်ပြီး ထွက်ပြေးသွားကြောင်း မျက်မြင်သက်သေများ၏ ပြောဆိုချက်ကို ကိုးကား၍ ရဲစခန်း၏ ကနဦး သတင်းပေးပို့ချက်တွင် ဖော်ပြထားသည်။
“ဓားနဲ့ထိုးသတ်ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတာပါ။ ပြစ်မှုကျုးလွန်သူကို စုံစမ်းရှာဖွေဖမ်းဆီးဖို့ လုပ်နေပါတယ်။”ဟု ရဲအုပ်ဇော်ထူးက ဆိုသည်။
ထွက်ပြေးလွတ်မြောက်နေသော စံကီးကို အင်းတကော်နယ်မြေရဲစခန်းမှ (ပ)၂၆၄/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားပြီး နယ်မြေခံရဲတပ်ဖွဲ့များ ချိတ်ဆက်ကာ စုံစမ်းရှာဖွေလျက်ရှိသည်။

R-15

Source : The Voice