fbpx

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း(၁၆)ခုကို အတည်ပြုမိန့်ထုတ်ပေးခဲ့

အစည်းအဝေးတွင် ကလေးကစားကွင်းနှင့်ဆက်စပ်သည့် ဝန်ဆောင်မှု လုပ်ငန်း(၁)ခုအား အတည်ပြုမိန့် အားပေးအပ်စဉ် (ဓာတ်ပုံ– DICA)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) 

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ကော်မတီစတင်ဖွဲ့စည်းပြီးသည့် အချိန်မှ စတင်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၆)ခုကို အတည်ပြုမိန့်ထုတ်ပေးနိုင်ခဲ့ပြီး ယင်းလုပ်ငန်း (၁၆)ခု မှ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ဒသမ၁၈၁၉၄၃ မီလီယံနှင့် မြန်မာကျပ်ငွေ ၁၈ဒသမ၅ ဘီလီယံရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် က ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၇၆၆ ခုကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီးအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြပါသည်။

အစည်းအဝေးတွင် Hom Fa Home Company Limited မှ တင်ပြလာသော ကလေးကစားကွင်းနှင့်ဆက်စပ်သည့် ဝန်ဆောင်မှု လုပ်ငန်း(၁)ခုအား အတည်ပြုမိန့် ထုတ်ပေး ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua) 

Source : Xinhua Myanmar