fbpx

အီကွေဒေါ မြို့တော်၌ ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွား 

အီကွေဒေါနိုင်ငံ မြို့တော်ကီတိုမှာ အောက်တိုဘာ ၈ ရက်နေ့က သမ္မတ လီနင်မော်ရီနိုကို ရာထူးက နုတ်ထွက်ဖို့ တောင်းဆို ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်း ရဲတပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။

မြို့တော် ကီတိုက လုံခြုံရေးအင်အား အပြည့်ချထားတဲ့ အမျိုးသားလွှတ်တော် အဆောက်အအုံနားမှာ ထောင်ချီတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ကျောက်ခဲတွေ၊ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။

လောင်စာဈေး မြင့်တက်လာနိုင်ဖွယ်ရှိတဲ့ ခြိုးခြံခြွေတာရေး စည်းမျဉ်းတွေကြောင့် အီကွေဒေါ ပြည်သူတွေဟာ ဒေါသထွက်နေကြတာပါ။ နိုင်ငံတွင်း မငြိမ်မသက် ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကနေတဆင့် နိုင်ငံတကာက ကြားဝင်ဖြေရှင်းပေးကြဖို့ အီကွေဒေါ အစိုးရက ကြိုးစားနေပါတယ်။

သမ္မတ လီနင်မိုရီနိုဟာ တနိုင်ငံဆုံးနိုင်ရာ အရေးပေါ် အခြေအနေ ကြေညာထားပြီး အစိုးရအဖွဲ့ကိုလည်း မြို့တော် ကီတိုကနေ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဂွါယာကီကို ရွှေ့ပြောင်းထားရပါတယ်။

ဒါ့အပြင် ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၅၇၀ ကို ဖမ်းဆီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံတွင်း မတည်ငြိမ်မှုတွေနဲ့ ပတ်သက်လို့ သမ္မတ မာရီနိုက သမ္မတဟောင်း ရာဖေးကော်ရီယာကို စွပ်စွဲခဲ့ပါတယ်။

လက်ဝဲဝါဒီ ရာဖေး‌ကော်ရီယာဟာ ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုရဲ့ အကူအညီနဲ့ အာဏာသိမ်းဖို့ ကြိုးစားနေတယ်လို့ မာရီနိုက စွပ်စွဲထားပါတယ်။

Tags:

Source : DVB