fbpx

ဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၃၀ ကျော်ရှိခဲ့ပြီး တစ်ပတ်အတွင်း အနိမ့်ဆုံးနှုန်း ၁၅၃၁ ကျပ်၊ အမြင့်ဆုံးနှုန်း ၁၅၃၅ ကျပ်ဝန်းကျင်ဖြစ်ပေါ်

ဈေးကွက်အတွင်း နိုင်ငံခြားငွေ လဲနှုန်း အတက်အကျ နည်းပါးခဲ့ပြီး အောက်တိုဘာ ၇ ရက်မှ အောက်တို ဘာ ၁၂ ရက်အတွင်း အနိမ့်ဆုံးနှုန်း ၁၅၃၁ ကျပ်၊ အမြင့်ဆုံးနှုန်း ၁၅၃၅ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ကြောင်း  နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
ယခုတစ်ပတ်  အောက်တိုဘာ ၈ ရက် တွင် နိုင်ငံခြားငွေလဲနှုန်း တစ် ဒေါ်လာ ၁၅၃၅ ကျပ်ဝန်းကျင်ရှိရာမှ အောက်တိုဘာ ၁၀ ရက် တွင် တစ် ဒေါ်လာ ကျပ် ၁၅၃၁ အထိ ပြန်လည် ကျဆင်းခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ခြောက်လအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ် လာဈေးအညွှန်း ကိန်းများမှာ ဧပြီတွင် ၉၇ ဒသမ ၉၆ ပွိုင့်၊ မေ တွင် ၉၈ ဒသမ ၀၈ ပွိုင့်၊ ဇွန်တွင် ၉၇ ဒသမ ၆၉ ပွိုင့်၊ ဇူလိုင်တွင် ၉၇ ဒသမ ၉၁ ပွိုင့်၊ သြဂုတ် တွင် ၉၈ ဒသမ ၉၅ ပွိုင့်၊ စက်တင်ဘာတွင် ၉၉ ဒသမ ၂၈ ပွိုင့် ဖြစ်သည်။
ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေ လဲနှုန်း ၂၀၁၈ ခုနှစ် ဇွန်လမှ စ၍ သိသိသာသာ မြင့်တက်ခဲ့ရာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ် စံချိန်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင်  ၁၆၂၂ ကျပ်၊ စက်တင် ဘာ ၂၀ ရက် တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံး စံချိန်ထပ် တင်ခဲ့သည်။ ဒေါ်လာဈေးသည် ၂၀၁၈ ခုနှစ် သြ ဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိ ကျ ဆင်းခဲ့သော်လည်း တစ်လအတွင်း ဆက်တိုက် မြင့်တက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ အမြင့်ဆုံးစံချိန်တင်ခဲ့ ခြင်းဖြစ်သည်။
ထို့နောက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့ သော်လည်း အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၁၅၉၀၊ အောက် တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၁၅၁၀ ဝန်း ကျင်အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ၁၅၇၇ ကျပ်အထိပြန် တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၁၅ ကျပ်အထိ၊ ဖေ ဖော်ဝါရီ ၂၈ ရက်တွင် ၁၅၀၃ ကျပ် အထိကျဆင်းခဲ့သည်။ မတ် ၁၈ ရက် တွင်  ၁၅၂၇ ကျပ်အထိ မေ ၁၄ ရက် တွင် ၁၅၃၈ ကျပ်အထိ ပြန်တက်ခဲ့ပြီး ဇွန်  ၁ ရက်တွင် ၁၅၂၉ ကျပ်ဝန်း ကျင်ရှိခဲ့သည်။ သြဂုတ် ၂၆ ရက်တွင် ၁၅၁၄ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၆ ရက်တွင် ၁၅၆၅ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
 ၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်း ဈေးကွက်၌ ခြောက်လအတွင်း လအလိုက်ဖြစ် ပေါ် သော နိုင်ငံခြားငွေလဲနှုန်းအနိမ့် ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဧပြီ တွင် ၁၅၀၄-၁၅၂၅ ကျပ်၊ မေတွင် ၁၅၁၆-၁၅၃၈ ကျပ်၊ ဇွန်တွင် ၁၅၁၇-၁၅၂၉ ကျပ်၊ ဇူလိုင်တွင် ၁၅၀၈-၁၅၁၇ ကျပ်၊ သြဂုတ်တွင် ၁၅၁၀-၁၅၂၆ ကျပ်၊ စက် တင်ဘာ တွင် ၁၅၂၇-၁၅၆၅ ကျပ်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်အတွင်း အောက် တိုဘာ ၁၂ ရက်တွင်ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်း ထားများမှာ ယူရို ၁၆၇၅ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၁၁၂ ကျပ်၊ မလေးရှားရင်းဂစ် ၃၆၈ ကျပ်၊ ထိုင်းဘတ် ၅၀ ကျပ်၊ တရုတ် ယွမ် ၂၁၄ ကျပ်ဖြစ်သည်။

Source : Eleven Media Group