fbpx

အင်းစိန်​​ ​အောင်​​ဇေယျတံတား​ပေါ်မှ ကန်​တာယာဉ်​တစ်​စီး ထိုးကျ၊၊ ​လေးဦး ဒဏ်​ရာရ

ဓာတ်ပုံ – မီးသတ်တပ်ဖွဲ့
ရန်​ကုန်​၊ ​အောက်​တိုဘာ ၁၂
အင်းစိန်​မြို့နယ်​ ​အောင်​​ဇေယျတံတား​ပေါ်တွင်​ ​အောက်​တိုဘာ ၁၂ ရက်​ နံနက်​ ၁ နာရီခန့်​က ကန်တာယာဉ်​တစ်​စီးမှာ အရှိန်​မထိန်းနိုင်​ဖြစ်​ပြီး တံတား​ပေါင်ဝင်တိုက်​ကာ ​အောက်​သို့ ထိုးကျခဲ့​သော​ကြောင့်​ ယာဉ်​​ပေါ်ပါ အမျိုးသား​လေးဦး ထိခိုက်​ဒဏ်​ရာ ရရှိခဲ့​ကြောင်း ယာဉ်​ထိန်းရဲတပ်​ဖွဲ့ထံမှ သိရသည်​။
တံတား​အောက်​သို့ ထိုးကျခဲ့သည့်​ ကန်​တာ အဖြူ​ရောင်​ယာဉ်​မှာ အင်းစိန်​ဘက်​မှ လှိုင်​သာယာဘက်​သို့ ​အောင်​​ဇေယျတံတားအတိုင်း ​မောင်းနှင်​လာစဉ်​ တံတားအလယ်​အ​ရောက်​ အရှိန်​မထိန်းနိုင်​ဖြစ်​ပြီး တစ်​ဖက်​ယာဉ်​​ကြောသို့ ​ရောက်​ရှိကာ တံတားလက်​ရမ်း​ပေါင်​နှင့်​ လူသွားစင်္ကြန်​ကို ဝင်​တိုက်​ပြီး တံတားအောက်​သို့ ထိုးကျကာ ယာဉ်​တိမ်း​မှောက်​ခဲ့သည်​။
ယာဉ်​တိမ်း​မှောက်​မှု​ကြောင့်​ ယာဉ်​​မောင်း မျိုးလတ်​ (၃၉ နှစ်​) အပါအဝင်​ ယာဉ်​​ပေါ်ပါ အမျိုးသားလေးဦး ထိခိုက်​ဒဏ်​ရာများ ရရှိခဲ့​သော​ကြောင့်​ အင်းစိန်​​ဆေးရုံသို့ တင်​ပို့ထားပြီး ယာဉ်​မဆင်​မခြင်​​မောင်းနှင်​သည့်​ ကင်​တာယာဉ်​​မောင်းကို ရာဇသတ်​ကြီးပုဒ်​မ ၃၃၈၊ ၂၇၉ ဖြင့်​ အမှုဖွင့်​အ​ရေးယူထား​ကြောင်း ယာဉ်​ထိန်းရဲတပ်​ဖွဲ့ထံမှ သိရသည်​။
S-03

Source : The Voice