fbpx

တရုတ်နိုင်ငံ သမ္မတ ရှီက ကိုယ်ကျိုးစီးပွား ကာကွယ်ရေး နှင့် တစ်ဖက်သတ် ကျင့်သုံးမှု မူဝါဒကို ဆန့်ကျင်ရန် တိုက်တွန်း

ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) ကျင်းပရာ နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာစီးပွားရေး ပွင့်လင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အတူတကွ တည်ဆောက်ရန် ကြိုးပမ်းရာတွင် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး နှင့် တစ်ဖက်သတ် ကျင့်သုံးမှု မူဝါဒကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန် ယနေ့ နိုဝင်ဘာ ၅ ရက် ၎င်း၏ မိန့်ခွန်းတွင် တိုက်တွန်းခဲ့သည်။

ရှန်ဟိုင်းမြို့၌ ကျင်းပသော ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) ဖွင့်ပွဲ အခမ်းအနား ၌ မိန့်ခွန်း ပြောကြားရာတွင် ရှီက ကုန်သွယ်ရေး အတားအဆီးများကို အဆက်မပြတ် လျှော့ချသွားရန် နှင့် ဈေးကွက် ဝယ်လိုအားကို ပူးပေါင်း ပျိုးထောင်ရန် ကမ္ဘာ့စီးပွားရေး တန်ဖိုးနှင့် ထောက်ပံ့မှု ကွင်းဆက်များ ပိုမို တိုးတက်ရေး တို့ကို အဆိုပြုခဲ့သည်။ (Xinhua) 

Source : Xinhua Myanmar