fbpx

မူးယစ်စစ်ပွဲ ဦးဆောင်ရန် ကမ်းလှမ်းချက် ဖိလစ်ပိုင် ဒုသမ္မတ လက်ခံ

မူးယစ်ဆေးဝါးစစ်ပွဲကို  ဦးဆောင်ဖို့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူဒါတေးရဲ့ ကမ်းလှမ်းချက်ကို ဖိလစ်ပိုင် ဒုသမ္မတက နိုဝင်ဘာ ၆ ရက်မှာ လက်ခံလိုက်ပါတယ်။

အသက် ၅၄ နှစ်အရွယ် ဖိလစ်ပိုင် ဒုသမ္မတ လေနီရိုဘရီဒိုရဲ့ရိုက်တာသတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းအပြီးမှာ ခုလို ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးပြဿနာအပေါ် သမ္မတဒူဒါတေးရဲ့ ချဉ်းကပ်ပုံဟာ သူရဲ့တင်းမာတဲ့ပုံရိပ်ကို တိုးစေပေမယ့် မူးယစ်ကုန်ကူးမှုနှုန်းနဲ့ မူးယစ်ဆေးသုံးစွဲမှုနှုန်းအပေါ်တော့ သက်ရောက်မှု နည်းနည်းပဲ ရှိတယ်လို့ ရိုဘရေဒိုက အင်တာဗျူးမှာ ဝေဖန်ခဲ့တာပါ။

ဒီရာထူးကို မယူဖို့နဲ့ ဒီရာထူးဟာ သူကျဆုံးတာ သေချာစေဖို့ ထောင်ချောက်တရပ် ဖြစ်တယ်လို့ ပြောရင်း နိုင်ငံရေးမိတ်ဖက်တွေက ရိုဘရေဒိုကို တားခဲ့ကြပါတယ်။

ဒူဒါတေးရဲ့ မူးယစ်စစ်ပွဲ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်တာကို အာခံရင်း ပြည်တွင်းမှာတော့ အကြီးအကျယ် လူကြိုက်များနေပါတယ်။

လူ့အခွင့်အရေးအုပ်စုတွေကတော့ လူထောင်ချီ သေဆုံးတဲ့မူးယစ်စစ်ပွဲမှာ စနစ်တကျ သတ်ဖြတ်မှုနဲ့ ရဲတွေရဲ့ ဟန်ပြဖုံးကွယ်မှုတွေ ပါနေတယ်လို့ ပြောပါတယ်။  ရဲတွေကတော့ အဲဒီ စွဲချက်ကို ငြင်းဆိုထားပါတယ်။

Tags:

Source : DVB