fbpx

ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလအကြီးအကဲ နုတ်ထွက်

ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်များအကူအညီပေးရေး အေဂျင်စီ အကြီးအကဲ ပျန်းခါရွန်းဘူ ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ ကုလသမဂ္ဂက နိုဝင်ဘာ ၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

စီမံခန့်ခွဲမှု  ညံ့ဖျင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စုံစမ်းရေးပြုလုပ်ပြီးနောက် နိုဝင်ဘာ ၆ ရက်နေ့က ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ပျန်း ခါရွန်းဘူနေရာမှာ တခြားတယောက်ကို အစားထိုးခဲ့ပါတယ်။

အဲဒီနောက် မဟာမင်းကြီး ပျန်း ခါရွန်းဘူက  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ ရာထူးက ချက်ချင်းနုတ်ထွက်ကြောင်း အကြောင်းကြားခဲ့တယ်လို့ ကုလတာဝန်ရှိသူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ပါလက်စတိုင်း ဒုက္ခသည်များ အကူအညီပေးရေးအေဂျင်စီ ယာယီအကြီးအကဲအဖြစ်   ခရစ်ရှန်ဆောင်းဒါးစ်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က နိုဝင်ဘာ ၆ ရက်နေ့ အစောပိုင်းမှာ  ခန့်အပ်ခဲ့ပါတယ်။  

အဲဒီအေဂျင်စီဟာ အနောက်ဘက်ကမ်း၊ ဂါဇာကမ်းမြှောင်၊ အရှေ့ဂျေရုဆလင်  အပါအဝင် ဂျော်ဒန်၊ လက်ဘနွန်နဲ့ ဆီးရီးယားမှာရှိတဲ့ မှတ်ပုံတင် ဒုက္ခသည် ၅ သန်းကျော်ကို ကူညီထောက်ပံ့ပေးနေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 

Tags:

Source : DVB