fbpx

နယူးဒေလီ၏လေထုညစ်ညမ်းမှု ကျန်းမာရေး အလွန်ထိခိုက်နိုင်သည့်အဆင့် သတ်မှတ်

အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီဟာ ထူထပ်တဲ့ မီးခိုးမြူတွေက လွှမ်းခြုံထားဆဲဖြစ်ပြီး ညစ်ညမ်းမှု ကျန်းမာရေးသတ်မှတ်ချက်အဆင့်အရ အလွန်ထိခိုက်နိုင်တဲ့အဆင့်ကို ရောက်နေပြီလို့ သိရပါတယ်။

နိုဝင်ဘာ ၇ ရက်က အမေရိကန်သံရုံးရဲ့ လေထုညစ်ညမ်းမှု သတင်းအချက်အလက် ထုတ်ပြန်ချက်အရ လေထုထဲမှာ အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာထက်သေးတဲ့ အမှုန်တွေ ပါဝင်နှုန်းဟာ မနက် ဆယ်နာရီက အဆင့် ၂၈၁ မှာ ရောက်နေတယ်လို့ဆိုပါတယ်။

လတ်တလော လေထုညစ်ညမ်းမှု လျော့သွားတယ်ဆိုတာက ကားနံပါတ်တွေကို စုံ/မ အလှည့်ကျ မမောင်းရနေ့ သတ်မှတ်လိုက်တာပါ။

“ယာဉ်ကြောပိတ်ဆို့မှု သိသိသာသာ ကျသွားတယ်၊ နောက်တချက်က လေတိုက်လာလို့ မီးခိုးမြူတွေက ဒေလီနဲ့ ဝေးရာဆီ ပြန့်သွားတယ်ဆိုတော့ ဒေလီမှာ လေထုညစ်ညမ်းမှု ကျသွားတယ်။ ဒါပေမယ့် ဆက်တော့ ရှိနေတုန်းပါ။ ကျနော် ဆိုင်ကယ်စီးရတာ ပြဿနာအများကြီးရှိတယ်လို့ ဒေသခံ မာနန်က ပြောပါတယ်။

မြို့တော်ဒေလီကို ဖြတ်စီးနေတဲ့ ယမုံနာမြစ်မှာတော့ ဆိုးဆိုးရွားရွားညစ်ညမ်းနေတဲ့ လှိုင်း တွေပေါ်မှာ အမြှုပ်တွေ ဖုံးနေတာပါ။

စစ်ပွဲအမှတ်တရ အိန္ဒိယတံခါးနဲ့ သမ္မတနန်းတော်တို့လို အထင်ကရ အဆောက်အအုံတွေကိုလည်း မီးခိုးမြူထူတွေက ကြာသပတေးနေ့ မနက်ပိုင်းအထိ လွှမ်းခြုံထားဆဲ ဖြစ်ပါတယ်။ 

Tags:

Source : DVB