fbpx

၂၀၂၀ ခုနှစ် အာရှ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ၏ အုပ်စု (I) ဒုတိယနေ့ ပွဲစဉ် တွင် တရုတ်ပြည် သူ့သမ္မတနိုင်ငံ ယူ ၁၉ ဘောလုံးအသင်း က စင်ကာပူယူ၁၉ ဘောလုံးအသင်းကို နှစ်ဂိုး ဂိုးမရှိ ဖြင့်အနိုင်ရရှိ

၂၀၂၀ ခုနှစ် အာရှ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ၏ အုပ်စု (I) ဒုတိယနေ့ ပွဲစဉ် တွင် တရုတ်ပြည် သူ့သမ္မတနိုင်ငံ ယူ ၁၉ ဘောလုံးအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) 

၂၀၂၀ ခုနှစ် အာရှ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ၏ အုပ်စု (I) ဒုတိယနေ့ ပွဲစဉ် များကိုနိုဝင်ဘာလ ၈ ရက်တွင်ရန်ကုန် မြို့ သုဝဏ္ဏ အားကစားကွင်း၌ဆက်လက်ကျင်းပရာ ပထမပွဲ၌ တရုတ်ပြည် သူ့သမ္မတနိုင်ငံ ယူ ၁၉ ဘောလုံးအသင်း က စင်ကာပူယူ၁၉ ဘောလုံးအသင်းကို နှစ်ဂိုး ဂိုးမရှိ ဖြင့်အနိုင်ရရှိသွားခဲ့သည်။ 

တရုတ် ယူ ၁၉ အသင်းက နှစ်ဂိုးစလုံးကို ဒုတိယပိုင်းတွင်သွင်းယူခဲ့ခြင်းဖြစ်သည်။ တရုတ် ယူ ၁၉ အသင်းက အုပ်စု (I) တွင်နှစ်ပွဲ ကစား နှစ်ပွဲနိုင်ခြောက်မှတ်ရထား၍ နောက်တစ်ဆင့်တက်ရန်အလားအလာကောင်းလျက် ရှိကြောင်းသိရသည်။ 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ ချန်ပီယံရှစ် အုပ်စု( I ) ခြေစစ်ပွဲစဉ်တွင် ခြေစစ်ပွဲဝင် အသင်းလေးသင်းဖြစ်ကြသည့် မြန်မာ၊တရုတ်၊တောင်ကိုရီးယား၊ စင်ကာပူအသင်း တို့ယှဉ်ပြိုင်ကစားလျက်ရှိသည်။  (Xinhua)

Source : Xinhua Myanmar