fbpx

အင်ဒိုနီးရှားနိုင်ငံ မီဒန်မြို့ရဲစခန်းအား အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား

အင်ဒိုနီးရှားနိုင်ငံ မီဒန်မြို့ရဲစခန်း၌ အသေခံဗုံးခွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရ စဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ ၊ နိုဝင်ဘာ ၁၃ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း ဆူမတြားပြည်နယ် မီဒန်မြို့(Medan) ရှိ ရဲစခန်းတစ်ခုအား ယနေ့ နိုဝင်ဘာ ၁၃ ရက် နံနက် ၈ နာရီ ၄၀ မိနစ်တွင် မည်သူမည်ဝါမှန်း အတည်ပြုနိုင်ခြင်းမရှိသော အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ၊ ယင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၆ ဉီးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆူမတြားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဉီး၏ ပြောကြားချက် အရသိရသည်။

မြောက်ဆူမတြားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Tatan Dirsan Atmaja က ပြည်တွင်းရုပ်သံဌာနများနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတစ်ခုတွင်ပြောကြားရာ၌ အသေခံဗုံးခွဲသမားဟု သံသယရှိသူမှာ တိုက်ခိုက်မှုအတွင်းသေဆုံးသွားကြောင်း နှင့် ဗုံးပေါက်ကွဲမှုကြောင့် ယခုအချိန်ထိ အနည်းဆုံး လူ ၆ ဉီးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

အဆိုပါ အသေခံဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံ လူမှုကွန်ရက်အသုံးပြုသူများအကြား ကျယ်ကျယ်ပြန့်ပြန့် ရေးသားပြောဆိုနေကြပြီး ရဲစခန်းအနီးအနားရှိ အဆောက်အဉီများမှ လူများပြေးထွက်နေကြသည့် ဓာတ်ပုံများကို မျှဝေဖော်ပြခဲ့ကြောင်း သိရသည်။(Xinhua)

Source : Xinhua Myanmar