fbpx

မန်စီးတီး လက်ထောက်နည်းပြ အာတီတာကို အာဆင်နယ်ပရိသတ်က ခေါ်ယူစေလို   

မန်စီးတီးအသင်းဟာ လက်ထောက်နည်းပြ အာတီတာကို အာဆင်နယ်အသင်းက ခေါ်ယူခန့်အပ်ဖို့ ကမ်းလှမ်းလာမယ်ဆိုရင် ခွင့်ပြုပေးသွားမယ်လို့ သိရပါတယ်။ 

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ် ဆိုးရွားနေတာကြောင့် နည်းပြအမ်မရီကို ပရိသတ်တွေက ထုတ်ပယ်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

တဖက်မှာလည်း အသင်းနည်းပြသစ်အဖြစ် မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြ အာတီတာကို ခေါ်ယူခန့်အပ်ဖို့ ပရိသတ်တွေက ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ 

အာတီတာဟာ အာဆင်နယ်အသင်းမှာ ၂၀၁၁ ကနေ ၂၀၁၆ ခုနှစ်အထိ ၅ နှစ်ကြာ ပါဝင်ကစားခဲ့သူ ဖြစ်တာကြောင့် အသင်းပရိသတ်တွေက ကစားသမားဟောင်း အာတီတာကို နည်းပြအမ်မရီရဲ့ နေရာမှာ အစားထိုး တာဝန်ယူဖို့ ဆန္ဒရှိနေကြတာ ဖြစ်ပါတယ်။

စပိန်နည်းပြ အာတီတာအနေနဲ့လည်း ထိပ်တန်းကလပ်တသင်းက ကမ်းလှမ်းမှုတွေ ရှိလာမယ်ဆိုရင် မန်စီးတီးအသင်းက သူ့ရဲ့အနာဂတ်အတွက် ခွင့်ပြုပေးမယ် ဆိုတာကို သိရှိထားတယ်လို့ ဆိုပါတယ်။

Tags:

Source : DVB