fbpx

ဖီဖာက အာစင်ဝင်းဂါးကို ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအရာရှိချုပ် ခန့်အပ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ကမ္ဘာ့လုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအရာရှိချုပ်အဖြစ် အာစင်ဝင်းဂါးကို ခန့်အပ်လိုက်ပါတယ်။

အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးအနေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ဘောလုံးလောက တိုးတက်ဖွံ့ဖြိုးလာဖို့ လုပ်ဆောင်ရမှာဖြစ်သလို နည်းစနစ်အကြံပေးအဖြစ်လည်း ပါဝင်ဆောင်ရွက်ရမှာပါ။ 

ဒါ့အပြင် ဘောလုံးဥပဒေတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြုပြင်ပြောင်းလဲမူတွေ လုပ်ဆောင်ရမှာပါ။ 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းစနစ်လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူရမယ့် အာစင်ဝင်းဂါးအနေနဲ့ ကစားသမားဘဝကနေ နည်းပြဘဝကူးပြောင်းချိန်မှာ လိုအပ်တဲ့ စွမ်းရည်တွေကိုလည်း လေ့ကျင့်သင်ကြားပေးရမှာဖြစ်ပါတယ်။ 

Tags:

Source : DVB