fbpx

မြန်မာ့အမျိုးသမီးအသင်းနှင့် တရုတ်တိုင်ပေ ခြေစမ်းပွဲ အခမဲ့ အားပေးနိုင်

အရှေ့တောင်အာရှ အားကစား ဆီးဂိမ်း ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ နိုင်ငံတကာခြေစမ်းပွဲအဖြစ် တရုတ်တိုင်ပေ အမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၀ ရက် ညနေ ၄ နာရီ ဗဟန်းမြက်ခင်းတုကွင်းမှာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

လာရောက်အားပေးမယ့် ပရိသတ်တွေအနေနဲ့ ကွင်းဝင်ကြေး အခမဲ့ ဝင်ရောက် အားပေးနိုင်တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဉီးဝင်းသူမိုး ဦးဆောင်ပြီး ကစားသမား အယောက် ၂၀ နဲ့ သွားရောက်ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအပြီးသတ် အယောက် ၂၀ စာရင်း–

ဂိုး – မေဇင်နွယ်၊ မြဖူးငုံ

နောက်တန်း – အိရတနာဖြိုး၊ အေးအေးမိုး၊ ဝေဝေအောင်၊ ချစ်ချစ်၊ ခင်သန်းဝေ၊ ခိုင်သဇင်၊ ဖြူဖြူဝင်း

အလယ်တန်း – ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ နုနု၊ ခင်မိုးဝေ၊ ငယ်ငယ်ထွေး၊ မြတ်နိုးခင်၊

ရှေ့တန်း – ၀င်းသိင်္ဂီထွန်း၊ ရီရီဦး၊ ဂျူလိုင်ကျော်၊ စန်း‌သော်သော်

Tags:

Source : DVB