fbpx

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အကြို ၅ နိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ်အဖြစ် တက္ကသိုလ် လက်ရွေးစင်ဘ ဘောလုံးသမားဟောင်းများ ယှဉ်ပြိုင်ကစားကြမယ့် ၅ နိုင်ငံ ဘောလုံးပြိုင်ပွဲကို လာမယ့် နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

ဒီပြိုင်ပွဲမှာ အိမ်ရှင် မြန်မာတက္ကသိုလ်လက်ရွေးစင် ဘောလုံးသမားဟောင်းများအသင်းက A နဲ့ B နှစ်သင်းခွဲ ယှဉ်ပြိုင်မှာဖြစ်ပြီး တောင်ကိုရီးယား၊ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံ တက္ကသိုလ်လက်ရွေးစင် ဘောလုံးသမားဟောင်းများလည်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အုပ်စု ၂ ခုခွဲ ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာတက္ကသိုလ်ဘောလုံးသမားဟောင်းများအသင်းကနေ တော့ အုပ်စု A နဲ့ B မှာ ပါဝင်မှာဖြစ်ပြီး တခြား ၄ သင်းကိုတော့ မဲနှိုက်ပြီး အုပ်စုခွဲဝေမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲဟာ တက္ကသိုလ်ဘောလုံးသမားဟောင်းများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနဲ့ ကျန်းမာရေး လူပ်ရှားမှု ရည်ရွည်ချက်တွေနဲ့ ကျင်းပတာဖြစ်ပြီး ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အကြို အထိမ်းအမှတ်အနေနဲ့ ကျင်းပတာလို့ တက္ကသိုလ်ဘောလုံးသမားများအသင်း ဥက္ကဋ္ဌ ဦးဘန်နီတင်အောက်က ပြောပါတယ်။

ပြိုင်ပွဲကိုတော့ သထုံကွင်းနဲ့ ဗဟန်းမြက်ခင်းတုကွင်းတွေမှာ ယှဉ်ပြိုင်မှာဖြစ်ပြီး ပထမဆုရ အသင်းကို ဆုဖလားချီးမြှင့်မှာဖြစ်ပြီး ဒုတိယ၊ တတိယ၊ စတုတ္ထနဲ့ ပဉ္စမဆုတွေလည်း ချီးမြှင့်မှာ ဖြစ်ပေမယ့် ဆုကြေးတော့ ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ပြိုင်ပွဲမတိုင်ခင် ဖွင့်ပွဲအဖြစ် တပ်မတော်၊ ၈၈ မျိုးဆက်၊ နိုင်ကျဉ်းနဲ့ အနုပညာရှင်တွေ စတဲ့ မြန်မာနိုင်ငံ အလွှာပေါင်းစုံက သူတွေပါဝင်မယ့် Myanmar Public Figure အသင်းနဲ့ အာဆီယံ အောစတားအသင်းတို့က နိုဝင်ဘာ ၂၉ ရက်မှာ စတင်ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Tags:

Source : DVB