fbpx

ရုရှားနှင့်ပွဲတွင် ဘယ်လ်ဂျီယံ ကစားသမားနှစ်ဦး ဂျာဆီချင်း မှားယွင်းဝတ်ဆင်ခဲ့

ရုရှားအသင်းကို အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်း ကစားသမားနှစ်ဦးဟာ ဂျာဆီချင်း မှားယွင်းဝတ်ဆင်ကစားခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။

ဘတ်ရှူဝါရီဟာ ကျောနံပါတ် ၂၃ ဂျာဆီကို ဝတ်ဆင်ရတဲ့ ကစားသမား ဖြစ်ပေမယ့် အဲဒီပွဲမှာတော့ နောက်ခံလူ ဘိုရာတာက ဘတ်ရှုဝါရီရဲ့ ဂျာဆီကို ပထမပိုင်း ပွဲကစားချိန်တခုလုံး မှားယွင်းစွာ ဝတ်ဆင်ကစားခဲ့ပါတယ်။ 

အဲဒီနောက် ဒုတိယပိုင်းအရောက်မှာတော့ နောက်ခံလူဟာ သူဝတ်ဆင်တဲ့ ကျောနံပါတ် ၄ ဂျာဆီအမှန်ကို ပြန်လည်ဝတ်ဆင်ခဲ့ပြီး ဘတ်ရှုဝါရီဟာလည်း ကျောနံပါတ် ၂၃ သူ့ရဲ့ဂျာဆီအမှန်နဲ့ ၇၇ မိနစ်မှာ လူစားဝင်ကစားခဲ့ပါတယ်။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဘတ်ရှူဝါရီက ပွဲအပြီး လူမှုကွန်ရက်မှာ ဟာသနှော ရေးသားခဲ့ပြီးတော့ ဘိုရာတာကို စနောက်ခဲ့ပါတယ်။ 

ဘယ်လ်ဂျီယံအသင်းဟာ ရုရှားမြေမှာ တော်ဂန်ဟာဇက်က ၁ ဂိုး၊ အီဒင် ဟာဇက်က ၂ ဂိုးနဲ့ လူကာကူက ၁ ဂိုး ရယူပေးခဲ့လို့ ပွဲအပြီးမှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Tags:

Source : DVB