fbpx

အင်တာမီလန်က အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူရန် ပြင်ဆင်

စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ  အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့ အနီးကပ် ချိတ်ဆက်မှုတွေ စတင်လုပ်ဆောင်လာနေပါတယ်။ 

အခုနှစ်‌ ဘောလုံးရာသီမှာ အင်တာအနေနဲ့ လူကာကူ၊ ဆန်းချက်ဇ်တို့လို့ ကစားသမားကောင်းတွေကို ခေါ်ယူပြီးတော့ နည်းပြ ကွန်တီ လက်အောက်မှာ ချန်ပီယံဆုအတွက် တကျော့ပြန်စိန်ခေါ်ဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ 

လတ်တလောမှာလည်း ၈ ကြိမ်ဆက် စီးရီအေချန်ပီယံ ဂျူဗင်တပ်စ်ဆီကနေ ချန်ပီယံဘွဲ့ လွှဲပြောင်းရယူနိုင်ဖို့အတွက် အကောင်းဆုံး‌ စုစည်းမှု ရရှိနေတဲ့ မီလန် မြို့ခံအသင်းကတော့ စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။ 

အာဆင်နယ်အသင်း ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပေမယ့် ထိပ်တန်းဂိုးသွင်းသူအဖြစ် ရပ်တည်နေတဲ့ အူဘာမီယန်းကို လာမယ့် အပြောင်းအရွှေ့မှာ အသင်းကြီး တော်တော်များများက မျက်စိကျနေပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း မကြာသေးတဲ့အချိန်က ကစားသမားတဦး အပါအဝင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတရပ်နဲ့ ကမ်းလှမ်းခဲ့ပါတယ်။

Tags:

Source : DVB