fbpx

လက်တင်အမေရိကနိုင်ငံများ အဓိကရုဏ်းအခြေအနေ မရောက်ရန် အမေရိကန် ကူညီမည်

လက်တင်အမေရိကနိုင်ငံများအတွင်း အဓိကရုဏ်းအခြေအနေ မရောက်အောင် တားဆီးကူညီပေးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ကျူးဘားနဲ့ ဗင်နီဇွဲလားဟာ လက်တင်အမေရိကတလွှား ဒီမိုကရက်တစ် ဆန္ဒပြပွဲတွေကို ဦးတည်ချက် ပြောင်းအောင် လမ်းကြောင်းလွှဲဖို့ ကြိုးစားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ဒီဇင်ဘာ ၂ ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။ 

အမေရိကန်နိုင်ငံ ကန်ထက်ကီပြည်နယ်မှာ ပြုလုပ်တဲ့ အခမ်းအနားတခုမှာ ပွန်ပီယိုက အခုလို ပြောလိုက်တာပါ။

ဒါ့အပြင် လက်တင်အမေရိက နိုင်ငံတွေအတွင်း မတည်ငြိမ်မှုတွေကနေ အဓိကရုဏ်း အခြေအနေ မရောက်စေဖို့ တားဆီးရေး သက်ဆိုင်ရာနိုင်ငံတွေကို အမေရိကန်က အားပေး ထောက်ခံသွားမယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။

မကြာသေးခင်က လက်တင်အမေရိကနိုင်ငံတွေမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပြီး မငြိမ်သက်မှုတွေကို လှုံ့ဆော်ရေးအတွက် ကျူးဘားနဲ့ ဗင်နီဇွဲလားက  ကူညီနေတယ်လို့ ပွန်ပီယိုက စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဗင်နီဇွဲလားနိုင်ငံရဲ့ မူးယစ်ဂိုဏ်းသားတွေကို အရေးယူပိတ်ဆို့မှု ချမှတ်ဖို့နဲ့  သမ္မတ နီကိုးလက်စ်မာဒူရို ဦးဆောင်တဲ့ ဗင်နီဇွဲလားအစိုးရကို စီးပွားရေးနဲ့ နိုင်ငံရေးအရ ဖိအားပေးဖို့ဆိုတဲ့ ဗင်နီဇွဲလားဆိုင်ရာ အမေရိကန် နိုင်ငံခြားရေး မူဝါဒကိုလည်း စိတ်ရှည်ရှည် စောင့်ကြည့်ကြဖို့ ပွန်ပီယိုက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Tags:

Source : DVB