fbpx

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ထိုင်းက မြန်မာကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ

ဒီဇင်ဘာ ၅ ရက်နေ့ ညပိုင်းက  ယှဉ်ပြိုင်သွားတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး ဆီမီးဖိုင်နယ်ပွဲစဉ်မှာ  ထိုင်းအမျိုးသမီးအသင်းက မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံ မနီလာမှာယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ထိုင်းအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ၇၈ မိနစ်မှာ သွင်းယူပါတယ်။  

ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ နည်းပြချုပ် ဦးဝင်းသူမိုးက “မြန်မာဘောလုံးပရိသတ်တွေ အတွက် အနိုင်ရလဒ်နဲ့ ဗိုလ်လုပွဲကို မရောက်နိုင်ခဲ့လို့ စိတ်မကောင်းပါဘူး” လို့  ပြောသွားပါတယ်။ 

မြန်မာအသင်းဟာ တတိယလုပွဲအဖြစ် အိမ်ရှင်ဖိလစ်ပိုင်အသင်း နဲ့ ဒီဇင်ဘာ ၈ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာတော့ ထိုင်းနဲ့ ဗီယက်နမ်တို့ ယှဉ်ပြိုင်ရမှာပါ။  

Tags:

Source : DVB