fbpx

အာဆင်နယ်အိမ်ကွင်းတွင် ဘရိုက်တန်ကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့် 

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ကြားပွဲစဉ်မှာ အာဆင်နယ်က အိမ်ကွင်းမှာ ဘရိုက်တန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားပါတယ်။ 

အာဆင်နယ်ယာယီနည်းပြ ယွန်းဘက်လက်ထက်မှာ ပထမဆုံး ရှုံးပွဲတွေ့တာ ဖြစ်ပါတယ်။ဘရိုက်တန်က အဝေးကွင်းဖြစ်ပေမယ့် ခြေရည်တူ ကစားနိုင်ခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်တာတွေ ပိုလုပ်နိုင်ခဲ့ပါတယ်။ 

ဒီပွဲမှာ ဘရိုက်တန်က ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပြီး အာဆင်နယ်အတွက် ချေပဂိုးကို လာကာဇက်က မိနစ် ၅၀ မှာ သွင်းယူပါတယ်။ 

လာကာဇက်အနေနဲ့ ဒီပွဲမှာ အာဆင်နယ်အတွက် သွင်းဂိုး ၁၀၀ ပြည့်ခဲ့ပါတယ်။ ဘရိုက်တန်အတွက် အနိုင်ဂိုးကို မိနစ် ၈၀ လောက်မှာ သွင်းယူပါတယ်။ ဒီပွဲရှုံးတဲ့ အာဆင်နယ်က အဆင့် ၁၀ နေရာကို လျောကျသွားပါတယ်။ 

ပရီးမီးယားလိဂ်အခြားပွဲစဉ်တခုမှာတော့ ရှက်ဖီးလ်ယူတိုက်တက်အသင်းက အိမ်ကွင်းမှာ နယူးကာဆယ်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။

Tags:

Source : DVB