fbpx

အာကာသယာဉ်က ပေးပို့သည့် ရှာဖွေတွေ့ရှိချက် နာဆာ ထုတ်ပြန်

အမေရိကန်အမျိုးသားအာကာသသိပ္ပံ နာဆာက သိပ္ပံပညာရှင်တွေဟာ နေကနေ ထုတ်လုပ်တဲ့ အလင်းရောင်၊ အပူဓာတ်၊ နေလှိုင်းတွေ (solar wind) ‌နဲ့ အာကာသတွင်း မိုးလေဝသအခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်အသစ်တွေကို ရထားပါတယ်။

၂၀၁၈ ခုနှစ်က လွှတ်တင်ခဲ့ပြီး နေနဲ့ အနီးဆုံးခရီးကို သွားခဲ့တဲ့ ပါကာဆိုလာပရုဘ် အာကာသယာဉ်က ပေးပို့တဲ့ ရှာဖွေတွေ့ရှိချက်တွေကို သုတေသနပညာရှင်တွေက ဒီဇင်ဘာ ၄ ရက်မှာ ဖော်ပြခဲ့တာပါ။

 နေဟာ အာကာသရာသီဥတုကို ဘယ်လိုဖြစ်ပေါ်စေတာလဲ၊ ကမ္ဘာပေါ်က လျှပ်စစ်သံ လိုက်လှိုင်းနဲ့ ဂြိုဟ်တုတွေ နှောင့်ယှက်နိုင်တဲ့ ကြမ်းတမ်းတဲ့ solar wind တွေရဲ့ သဘော သဘာဝက ဘာလဲဆိုတာတွေကို အာကာသယာဉ်မှူးတွေ ပိုနားလည်လာစေမယ့် အသေးစိတ် အချက်အလက်တွေကို ဖော်ပြထားတာပါ။

နေမျက်နှာပြင်ရဲ့ ရုတ်တရက်ပေါက်ကွဲမှုတခုက အင်မတန်ကြမ်းတမ်းလို့ သံလိုက်စက်ကွင်းပါ ပြောင်းပြန်လန်သွားတဲ့ “switchbacks.”လို့ ခေါ်တဲ့ဖြစ်စဉ်တရပ်ကို ထောက်လှမ်းသိရှိခဲ့ရတာဟာ တကယ့်ကို အကြီးစားအံ့အားသင့်စရာဖြစ်ရပ်ပဲလို့ သုတေသန ပညာရှင်တယောက်က ပြောပါတယ်။

 ကမ္ဘာကြီးဟာ နေကနေ မိုင်ပေါင်း ၉၃ သန်း ကွာဝေးပေမယ့် အာကာသယာဉ်ကတော့ နေနဲ့ မိုင် ၁၅ သန်း အကွာကနေ သတင်းအချက်အလက်တွေကို စုဆောင်းယူနေပြီး သိပ္ပံပညာရပ်ဆိုင်ရာ တွေ့ရှိချက်တွေကို နေးချားဂျာနယ်ကနေ ဖြန့်ချိခဲ့ပါတယ်။

အာကာသယာဉ်ဟာ နေရဲ့ မျက်နှာပြင်ကနေ မိုင်လေးသန်းအကွာထိ ခရီသွားခဲ့ပြီး တခြား အာကာသယာဉ် အားလုံးထက် ၇ ဆ ပိုနီးတဲ့ နေရာကနေ နေကို လှည့်ပတ်နေတာ ဖြစ်ပါတယ်။

 

Tags:

Source : DVB