fbpx

ဂျက်ကီချန်း၏ ဇာတ်ကားသစ် Vanguard ဇာတ်ကားကို ဇန်နဝါရီ ၂၅ ရက်မှစ၍ Mega Ace နှင့် JCGV တို့တွင် ပြသမည်

ဂျက်ကီချန်း၏ ဇာတ်ကားသစ် Vanguard ဇာတ်ကားကို ဇန်နဝါရီ ၂၅ ရက်မှ စတင်ကာ Mega Ace နှင့် JCGV တို့တွင် ပြသမည်ဟု သိရသည်။

အဆိုပါဇာတ်ကားကို တရုတ်နိုင်ငံအပါအဝင် မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများတွင်လည်း ဇန်နဝါရီ ၂၅ ရက်မှစတင်ကာ ရုံတင်ပြသမည်ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ Mega Ace ရုပ်ရှင်ရုံအနေနဲ့ ဒီနှစ် တရုတ်နှစ်သစ်ကူးကာလမှာ အထူးအစီအစဉ်အနေနဲ့ ပရိသတ်တွေအတွက် ဂျက်ကီချန်းရဲ့ ဇာတ်ကားသစ်ဖြစ်တဲ့ Vanguard ဇာတ်ကားကို ဦးဦးဖျားဖျား ပြသပေးသွားမှာပါ။ ဒီဇာတ်ကားရုံတင်ပြသတဲ့ အထိမ်းအမှတ်အနေနဲ့ ဇာတ်ကားမှာ အဓိက ဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်တဲ့မင်းသား Yang Yang ရဲ့ Original လက်မှတ်ပါဝင်တဲ့ ဇာတ်ကား Poster တွေကိုလည်း ပရိသတ်တွေအတွက် မဲဖောက်ပေးသွားမှာပါ” ဟု Mega Ace မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Vanguard ဇာတ်ကားကို ဒါရိုက်တာ Stanley Tong ရိုက်ကူးထားပြီး Jackie Chan, Yang Yang, Miya Muqi, Lun Ai, Zhengthing Zhu တို့ပါဝင်ထားသည်။

အက်ရှင်ရုပ်ရှင်ဖြစ်သည့် Vanguard တွင် ကမ္ဘာ့အထင်ကရနေရာများဖြစ်သည့် လန်ဒန်ရှိ Big Ben မျှော်စင်ကြီး၊ ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံး Burj Khalifa တာဝါ၊ အာဖရိကရှိ ကမ္ဘာ့အကြီးဆုံးရေတံခွန် အပါအဝင် ၂၄ ကာရက် ရွှေအစစ်ဖြင့်ပြုလုပ်ထားသည့် ကားများကိုလည်း ထည့်သွင်းရိုက်ကူးထားသည်ဟု သိရသည်။

Source : Eleven Media Group