fbpx

Parasite ဇာတ်ကားက SAG ဆုပေးပွဲ၏ အမြင့်ဆုံးဆုကို ဆွတ်ခူး

အမေရိကန်ပြည်ထောင်စု လော့စ်အိန် ဂျလိစ်တွင် ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်သည့် ၂၆ ကြိမ်မြောက် SAG ဆုပေးပွဲတွင် တောင် ကိုရီးယားဇာတ်ကား Parasite သည် အမြင့်ဆုံး ဆုဖြစ်သည့် Oustanding Performance by a Cast in a Motion Picture ဆုကို ရရှိခဲ့သည်။

တောင်ကိုရီးယားတွင် ဆင်းရဲချမ်းသာ ကွာဟချက်အကြောင်း သရော်ရိုက်ကူးထားသည့် Parasite ဇာတ်ကားသည် ဘာသာစကားအတားအဆီးကို ကျော်ဖြတ်ပြီး SAG ဆုပေးပွဲသမိုင်းတစ်လျှောက်တွင် အမြင့်ဆုံး ဆုရရှိသည့် ပထမဆုံးနိုင်ငံခြားဘာသာစကား ပြောဇာတ်ကားအဖြစ် သမိုင်းတွင်ခဲ့ပြီဖြစ် သည်။ ယင်းဇာတ်ကားသည် ကိန်းရုပ်ရှင်ပွဲ တော်တွင် ရွှေအုန်းပင်ဆုရရှိခဲ့သည့် ပထမ ဆုံးကိုရီးယားဇာတ်ကားလည်းဖြစ်သည်။

“ဖေဖော်ဝါရီ ၉ ရက်မှာကျင်းပမယ့် အော်စကာဆုပေးပွဲမှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူကမှ ခန့်မှန်းလို့မရပါဘူး”ဟု Parasite ဒါရိုက်တာ Bong Joon Ho က ပြောကြားခဲ့သည်။

SAG သည် သရုပ်ဆောင်မှုအလုံးစုံကို အဓိကထားသည့် ဆုပေးပွဲဖြစ်ပြီး အော်စကာ ဆုပေးပွဲတွင် သရုပ်ဆောင်ဆုများအတွက် အရိပ်အယောင်ပြသည့် ဆုပေးပွဲတစ်ခုအဖြစ် စောင့်ကြည့်ခံခဲ့ရသည်။

အော်စကာဆုပေးပွဲအတွက် တစ်ပြေးနေသည့်  ပထမကမ္ဘာစစ်ပွဲနောက်ခံဇာတ်ကား  ၁၉၁၇ ဇာတ်ကားသည် SAG ဆန်ခါတင်စာ ရင်းတွင် ပါဝင်ခဲ့ခြင်းမရှိပေ။

 Joker ဇာတ်ကားတွင် အောင်မြင်မှုမရသည့် လူရွှင်တော်မှ ဂိုသမ်မြို့တွင် ပရမ်းတတာအခြေအနေဖြစ်အောင် လုပ်ဆောင်ခဲ့ သည့် Arthur Fleck/Joker ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့သည့် ဟွာကင်းဖီးနစ်က အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု ကို ရရှိခဲ့သည်။

“ကျွန်တော်အကြိုက်ဆုံးသရုပ်ဆောင် Health Ledger ရဲ့ အရင်ကသရုပ်ဆောင်ခဲ့မှု တွေကနေ Joker ဇာတ်ကောင်အတွက် အကျိုးကျေးဇူးတွေရခဲ့တယ်”ဟု ဖီးနစ်က ပြောကြားခဲ့သည်။

သရုပ်ဆောင် Renee Zellweger က အမေရိကန်အဆိုတော်၊ သရုပ်ဆောင်  Judy Garland ၏ အတ္ထုပ္ပတ္တိကို ရိုက်ကူးထားသည့် Judy ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။ အကောင်းဆုံး အမျိုးသားဇာတ်ပို့သရုပ်ဆောင်ဆုကို ဘရက်ပစ်က Once Upon A Time in Hollywood ဇာတ်ကားဖြင့် ရရှိခဲ့ပြီး အကောင်းဆုံးအမျိုး သမီးဇာတ်ပို့သရုပ်ဆောင်ဆုကို Marriage Story Laura Dern ဇာတ်ကားဖြင့် Laura Dern က ရရှိခဲ့သည်။ ယခုနှစ် SAG ဆုပေးပွဲတွင် ရောဘတ် ဒီနီယိုကို တစ်သက်တာအောင်မြင်မှုအရှိဆုံး သရုပ်ဆောင်ဆု ချီးမြှင့်ခဲ့သည်။

Source : Eleven Media Group