fbpx

တိုက်စစ်မှူး နေမာ ပီအက်စ်ဂျီနှင့် သက်တမ်းတိုးမည်ဟု သတင်းထွက်ပေါ်

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ 

နေမာကို အသင်းဟောင်း ဘာစီလိုနာအသင်းက ပြန်လည်ခေါ်ယူလိုနေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်လာပြီလို့ စပိန်သတင်းစာ မန်ဒိုဒီပို့တီဗိုမှာ ဖော်ပြထားပါတယ်။ 

နေမာဟာ ၂၀၂၂ ခုနှစ်အထိ ပီအက်စ်ဂျီ အသင်းနဲ့စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး တပတ်လုပ်ခ ပေါင် ၆ သိန်းအထိ ရရှိနေတယ်လို့ သိရပါတယ်။ 

အသက် ၂၈ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူး နေမာဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၁၉၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ အသင်းအတွက် စုစုပေါင်း ၇၇ ပွဲ ကစားထားပြီး ၆၇ ဂိုး သွင်းယူထားပါတယ်။

Source : DVB