fbpx

ပဋိပက္ခအား ထိန်းသိမ်းရန် ညမထွက်ရအမိန့်ထုတ်ပြန်ရေး နှင့် စစ်တပ်ချထားရေး ဒေလီမြို့တော်ဝန်ကြီးချုပ် တောင်းဆို

အိန္ဒိယနိုင်ငံ၌ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေအပေါ် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပွားနေစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ)

အငြင်းပွားဖွယ်နိုင်ငံသားဥပဒေတစ်ခုနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ ဒေလီမြို့တော်၌ ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်ပဋိပက္ခများအား ထိန်းသိမ်းရန် ညမထွက်ရအမိန့်ထုတ်ပြန်ပေးရေး နှင့် စစ်တပ်ချထားပေးရေး အတွက် နယူးဒေလီမြို့တော်ဝန်ကြီးချုပ် Arvind Kejriwal က ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံ၌ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေအပေါ် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပွားနေစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေအပေါ် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပွားနေစဉ်(ဆင်ဟွာ)

မြို့တော် နယူးဒေလီတွင် ပဋိပက္ခများ သုံးရက် ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၅ ရက် အထိ သေဆုံးသူ ၁၃ ဦး နှင့် ဒဏ်ရာရသူ ၂၀၀ ခန့် ရှိကြောင်း သိရသည်။ဒေလီမြို့ရှိ Guru Teg Bahadur (GTB) ဆေးရုံမှ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းအထိ ပဋိပက္ခကြောင့် စုစုပေါင်း သေဆုံးသူ ၁၃ ဦး ရှိသွားပြီဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ (Xinhua)

Source : Xinhua Myanmar