fbpx

ဂျေဒန်ဆန်ချိုကို ခေါ်ယူရန် ချဲလ်ဆီးနောက်ခံလူဟောင်း ဂျွန်တယ်ရီ တိုက်တွန်း

ဂျေဒန်ဆန်ချိုကို ချဲလ်ဆီးအသင်း ခေါ်ယူသင့်တယ်လို့ နောက်ခံလူဟောင်း ဂျွန်တယ်ရီက တိုက်တွန်းလိုက်ပါတယ်။ 

ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန် တောင်ပံတိုက်စစ်မှူး ဂျေဒန်ဆန်ချိုဟာ အသင်းမှာ အထူးခြေစွမ်းပြသနေတာပါ။

အင်္ဂလန်လက်ရွေးစင် ကစားသမားတဦးလည်းဖြစ်တဲ့ ဆန်ချိုဟာ အခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် စုစုပေါင်း ၁၄ ဂိုးသွင်းယူထားပြီး ၁၅ ကြိမ်အထိ ဂိုးဖန်တီးမှု ပြုလုပ်ပေးထားတာပါ။

ချဲလ်ဆီး နောက်ခံလူဟောင်း ဂျွန်တယ်ရီကတော့ ဆန်ချိုက လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားတဦးဖြစ်လို့ သူ့ကို ခေါ်ယူနိုင်မယ်ဆိုရင် အသင်းအတွက် ခမ်းနားကြီးကျယ်တဲ့ ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို့ တယ်ရီက သုံးသပ်ပါတယ်။ 

နောက်ခံလူဟောင်း တယ်ရီဟာ လက်ရှိအချိန်မှာတော့ အက်စတွန်ဗီလာအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေတာ ဖြစ်ပါတယ်။

Tags:

Source : DVB