fbpx

ကိုရိုနာ ဖြစ်လာပါက တပ်မတော် ဆရာဝန်နှင့်သူနာပြု တစ်ထောင့်ခြောက်ရာကျော်ဖြင့် ကူညီ ကုသမည်

နေပြည်တော် မတ် ၂၂
ကိုရိုနာဗိုင်းရပ် သည် ပြည်တွင်းသို့ဝင်ရောက်လာပြီး ကူးစပ်မှုရှိလာပါက တပ်မတော် စစ်ဆရာဝန် နှင့် သူနာပြု စုစုပေါင်း ၁၆၁၂ ဦးနှင့် ကူညီကုသရန် အဆင်သင့် ပြုလုပ်ထားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှုး ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက ပြောသည်။
ယနေ့နေပြည်တော် စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားလိုက်ခြင်း ဖြစ်သည်။
တပ်မတော်မှာရှိတဲ့ ဆေးဝန်ထမ်းတွေ ဆရာဝန်တွေထဲက အင်အားရဲ့ ဆယ်ပုံတစ်ပုံ ထုတ်နူတ်ပြီးဆောင်ရွက်သွားမှာဖြစ်တယ် ။အနီရောင်အဆင့် ဖြစ်လာရင်အင်အားရဲ့ဆယ်ပုံနှစ်ပုံနဲဆောင်ရွက်မှာ ဖြစ်တယ်ဟု ၎င်းက ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ် –  ကို ပထမ အစိမ်းရောင်အဆင့်။ ဒုတိယအဝါရောင်အဆင့်၊တတိယ လိမ္မော်ရောင်အဆင့်နှင့် စတုတ္ထ အနီရောင်အဆင့်ဟူ၍ သတ်မှတ်ထားသည်ဟု ဗိုလ်မှုးချုပ်က ဆိုသည်။
လက်ရှိတွင်ကာကွယ် နိုင်မည့် ဆေးဝါး ၅၈ မျိုးကို  အလုံအလောက်ထားရှိပြီး  တိုင်းစစ်ဌာနချုပ်များရှိ ကုတင် ၃၀ဝ အထက် စစ်ဆေးရုံများတွင် သိုလှောင်ထားကြောင်း ၎င်းကဆိုသည်။
 ကူးစက်ရောဂါ လိမ္မော်ရောင်အဆင့်ဖြစ်လာပါက ဆရာဝန်၂၂၁ ဦး၊ သူနာပြု ၅၈၅ဦး စုစုပေါင်း ၈၀၆ ဦးနှင့် အနီရောင် အဆင့်ဖြစ်လာပါက ဆရာဝန် ၄၄၂ ဦး၊ သူနာပြု ၁၁၇၀ ဦး စုစုပေါင်း ၁၆၁၂ဦး တို့ဖြင့်ကုသ ဆောင်ရွက်နိုင်အောင် စီမံထားသည်ဟု သိရသည်။
ကူးစက်ရောဂါ ဖြစ်လာပါက ကုသမည့် နေရာ အခင်းအကျင်း များ နှင့်တပ်မတော် ဆေးရုံများ၏ ကြိုတင်စီမံထားရှိသည့် အခြေအနေကိုလည်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြသ ခဲ့သည်။
S-01

Source : The Voice