fbpx

စီးပွားရေးကျချိန်တွင် ဆောက်လုပ်ရေးဈေးကွက်ကို အမေ့ခံကဏ္ဍအဖြစ် မသတ်မှတ်ရန် တောင်းဆို

ရန်ကုန်၊ မတ် ၂၂
ဆောက်လုပ်ရေးဈေးကွက်သည် ပြည်ပမှကုန်ကြမ်းပစ္စည်း ကြာမြင့်သည့် ပြဿနာကြောင့် ဈေးကွက်အတွင်း ဆုံးရှုံးနစ်နာမှု မြင့်မားသည့်အတွက် အမေ့လျော့ခံကဏ္ဍအဖြစ် မသတ်မှတ်သင့်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်အတွင်းရေးမှူး ဦးမျိုးမြင့်က ပြောကြားသည်။
“ဆောက်လုပ်ရေးဈေးကွက်မှာ အခြေခံအလုပ်သမားအရေအတွက်က သန်းနဲ့ချီရှိတယ်။ ဈေးကွက်ရဲ့ ၈၀ ရာခိုင် နှုန်းလောက်က ပြည်ပကတင်သွင်းတဲ့ ကုန်ကြမ်းတွေမှီခိုနေရလို့ ကုန်ကြမ်းကြန့် ကြာချိန်မှာ အကျိုးသက်ရောက်မှုက ကြီးတယ်” ဟု ၎င်းကဆိုသည်။
ဆောက်လုပ်ရေးကုန်ကြမ်းများ သတ်မှတ်အချိန်အတွင်း မရောက်ရှိသည့် ပြဿနာကြောင့် အစိုးရတင်ဒါများတွင် နောက်ကျဒဏ်ကြေးများပေးဆောင်ရခြင်း၊ ကြိုပွိုင့်တိုက်ခန်းများတွင် ဝယ်ယူသူနှင့် စာချုပ်အရ လျော်ကြေးပေးရခြင်း၊ ဆောက်လုပ်ရေးအလုပ်သမား ငှားရမ်းရသည့် အရေအတွက်နှင့် လုပ်ကွက်ခန့်မှန်းရခက်သည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းများသည် မြန်မာနိုင်ငံအတွင်းသို့ တရုတ်နှင့် မလေးရှားနိုင်ငံတို့မှ အဓိကဝင်ရောက်လျက်ရှိပြီး လက်ရှိတွင် အော်ဒါမှာထားသည့် ပစ္စည်းအများစုမှာ သတ်မှတ်ရက်ထက် တစ်လကျော်အထိ အချိန်ပိုမိုစောင့်ဆိုင်းနေရကြောင်း ၎င်းတို့ထံမှ သိရသည်။
J-03

Source : The Voice