fbpx

ဧရာဝတီတိုင်း ပင်လယ်ကမ်းခြေဒေသများမှ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများ ပိတ်သိမ်း

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကာကွယ်နိုင်ရေးအတွက် ဧရာဝတီတိုင်း ပင်လယ်ကမ်းခြေဒေသတွေရှိ ဟိုတယ်၊ မိုတယ်နဲ့ တည်ခိုခန်းတွေကို မတ် ၂၆ ရက်ညပိုင်းက စတင် ပိတ်သိမ်းလိုက်ကြောင်း တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ပါတယ်။

ကမ်းခြေဒေသတွေရှိ ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းတွေကို မတ်လ ၂၆ ရက်မှ ဧပြီ ၃၀ ရက်အထိ ပိတ်သိမ်းလိုက်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် မတ်လ၂၆ ရက်နေ့ညမှာ ထုတ်ပြန်ခဲ့တာပါ။

ဧရာဝတီတိုင်းအတွင်း ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံနဲ့ ဂေါ်ရင်ဂျီ ကမ်းခြေတွေကို မတ် ၂၄ ရက်က ပိတ်သိမ်းခဲ့ပြီးနောက် ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းတွေကို မတ်လ ၂၆ ရက်နေ့ညက ထပ်မံပိတ်သိမ်းလိုက်တာပါ။

Tags:

Source : DVB