fbpx

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဆေးရုံတက်ပြီး ကျန်းမာရေး အခြေအနေစစ်ဆေးမှု ခံယူလျက်ရှိ

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား မတ် ၂၅ ရက်က ဝန်ကြီးချုပ်ရုံးရှေ့တွင် တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဧပြီ ၆ ရက်(ဆင်ဟွာ) 

ကိုရိုနာဗိုင်းရပ်စ် ကူးစပ်ခံထားရကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီးနောက် တစ်ကိုယ်ရေ သီးသန့် ခွဲခြားနေထိုင်လျက်ရှိသော ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ဧပြီ ၅ ရက်တွင် ဆေးရုံတက်ပြီး ကျန်းမာရေးအခြေအနေ စစ်ဆေးမှု ခံယူလျက်ရှိကြောင်း သိရသည်။ 

ဘောရစ်ဂျွန်ဆင်သည် COVID-19 ကူးစက်ခံရသည်ဟု အတည်ပြုပြီး ၁၀ ရက်အကြာ နောက် ပိုင်းကာလတွင်လည်း ကိုယ်ပူခြင်းစသည့် ရောဂါလက္ခဏာများခံစားနေရဆဲဖြစ်ရာ ဆရာဝန်၏ အကြံပြုချက်အရ  ဆေးရုံတက်ရခြင်းဖြစ်ကြောင်း၊ ၎င်းမှာ ကြိုတင်ကာကွယ်သည့်အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်ပြီး အရေးပေါ်အခြေအနေကြောင့် မဟုတ်ကြောင်း  ဗြိတိန်ဝန်ကြီးချုပ်ရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

Source : Xinhua Myanmar