fbpx

စပိန်တွင် COVID-19 ကပ်ဘေးကြောင့် သေဆုံးသူ များပြား၊ ခေါင်းတလားလိုအပ်ချက် များလာ

စပိန်နိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူတွေ များလာသလို သေသူတွေကို သင်္ဂြိုဟ်ဖို့ ခေါင်းတလား လိုအပ်ချက်လည်း များပြားလာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ခေါင်းတလား ရောင်းဝယ်ရေးကုမ္ပဏီတခုဖြစ်တဲ့ ဗယ်ဒီမိုရိုမှာဆို တရက်ကို အခေါင်း ရောင်းရနှုန်းက  အရင်ကထက် ရှစ်ဆ၊ ဒါမှမဟုတ် ဆယ်ဆ တိုးလာတယ် ဆိုပါတယ်။ 

မက်ဒရစ်ဒေသထဲမှာဆိုရင် ရင်ခွဲရုံတွေနဲ့ အအေးတိုက်တွေဆီကို ထရပ်ကားတစီးနဲ့ အခေါင်းတွေ ထုပ်ပိုးပို့ဆောင်နေတာ တွေ့ရပါတယ်။ 

စပိန်ဟာ ဥရောပမှာ အီတလီပြီးရင် အဆိုးဆုံး ထိခိုက်ခံနေရတဲ့နိုင်ငံ ဖြစ်ပြီး၊ ဒီရက်ပိုင်းတွေမှာတော့ နေ့စဉ် ကူးစက်ခံနှုန်းနဲ့ သေဆုံးနှုန်း နည်းနည်းလျှော့ကျလာပါတယ်။ 

ဧပြီ ၅ ရက်မှာ သေဆုံးသူ ၆၄၇   ဦး ရှိခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။

Tags:

Source : DVB