fbpx

ဗီယန်နာရှိ တော်ဝင်နန်းတော်ဟောင်းနေရာတွင် ဗုံးခြိမ်းခြောက်ခံရ

သြစတြီးယားနိုင်ငံ ဗီယန်နာမြို့က သမ္မတရုံးတည်ရှိရာ တော်ဝင်နန်းတော်ဟောင်းအထဲမှာ ဧပြီ ၂၉ ရက်နေ့က ဗုံးဖောက်ခွဲမယ်ဆိုပြီး ခြိမ်းခြောက်မှု တခုဖြစ်ပွားခဲ့ပါတယ်။ 

ဒါကြောင့် ရှိသမျှ လူတွေကိုအားလုံးကို ဘေးကင်းရာ ရွှေ့ပြောင်းစစ်ဆေးခဲ့ရပြီးနောက် အားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီလို့ ရဲတွေက ပြောပါတယ်။

 ရဲတွေက သမ္မတရုံး ပတ်လည်နယ်မြေကို ပိတ်ဆို့ပြီး အဆောက်အအုံထဲမှာ ရှာဖွေခဲ့တာမှာ ဘာမှ မတွေ့ရတဲ့အကြောင်းနဲ့  ပိတ်ဆို့ထားတာ အားလုံးကို ဖယ်ရှားပြီးပြီလို့လည်း ရဲက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။

Source : DVB