မေလ ၁၅ ရက် ယာဉ်လိုင်းများပြန်ဖွင့်ပါက Covid 19 ရောဂါကာကွယ်ရေးအတွက် ဒဂုံ-ဧရာ အဝေးပြေးအတွင်း စီစဉ်ဆောင်ရွက်

မတ်လ ၁၅ ရက်တွင် အဝေးပြေးကားလိုင်းတွေ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တာကြောင့် ဒဂုံ-ဧရာ အဝေးပြေးအနေနဲ့ အဝေးပြေးကွင်းကို လာရောက်မယ့်ခရီးသည်တွေနဲ့ နယ်ဘက်တွေမှာရောက်လာမယ့် ခရီးသည်တွေ Covid 19 ရောဂါကာကွယ်ရေးအတွက် ကားဂိတ်တိုင်းမှာ လက်ဆေးကန်တွေ စီစဉ်ထားရှိပေးသွားမှာဖြစ်ပြီး ယာဉ်လိုင်းတွေကိုလည်း ကားတိုင်းကို ပိုးသတ်ဆေးတွေဖြန်းဖို့နဲ့ ခရီးသည်တိုင်းအတွက် ယာဉ်လိုင်းတိုင်းမှာ လက်ဆေးကန်တွေထားပေးဖို့ hand gel နဲ့ mask တွေ စီစဉ်ထားပေးဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

သက်ဝေနှင်း

Source : The Voice