fbpx

တရုတ်နိုင်ငံမြောက်ပိုင်းတွင် FAW တိုယိုတာ လျှပ်စစ်ကားများ ထုတ်လုပ်ရန် အသင့်ဖြစ်နေ

တရုတ်နိုင်ငံ Changchun၌ ၂၀၁၉ ဇူလိုင် ၁၃ ရက်က ကျင်းပခဲ့သည့်ကားပြပွဲတွင် FAW နှင့် Toyota တို့ ပူးပေါင်းထုတ်လုပ်ထားသော ကားတစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း ၊ မေ ၁၃ ရက်(ဆင်ဟွာ)

FAW တိုယိုတာ၏ ပထမဆုံးသော လျှပ်စစ်ကားများကို အများအပြားထုတ်လုပ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ထျန်းကျင်း FAW Toyota မော်တော်ကားကုမ္ပဏီထံမှ သိရသည်။

အဆိုပါ လျှပ်စစ်ကား မော်ဒယ်ကို တရုတ်နိုင်ငံ၏ Tianjin Municipality မှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။ယင်းမှာ တိုယိုတာ အမှတ်တံဆိပ် လက်အောက်တွင် တရုတ်နိုင်ငံ၌ ပထမဆုံးထုတ်လုပ်သည့် လျှပ်စစ်ကားများ ဖြစ်လာမည်ဖြစ်သည်။ယင်းကားမော်ဒယ်တွင် အချိန်ကြာကြာ အားသွင်းအသုံးပြုနိုင်သည့် ဘတ္ထရီများ နှင့် အလွန်ကောင်းမွန်သော မောင်နှင်းခြင်းဆိုင်ရာ စနစ်များကို တပ်ဆင်ထားကြောင်း  ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။ (Xinhua) 

Source : Xinhua Myanmar