fbpx

တရုတ်မှပြန်ဝင်လာသူ ၁၃၈ ဦး မြို့နယ်အလိုက် စောင့်ကြည့်မှုခံရမည်

တောင်ငူ၊ မေ ၁၆
တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် မေလ ၁၅ ရက်နေ့ နံနက် ၄ နာရီခန့်က ပဲခူးမြို့နယ်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည့် ၁၃၈ ဦးသည် မြို့နယ်အလိုက် သတ်မှတ်စခန်းများတွင် သီးခြားစောင့်ကြည့်မှုခံယူရမည်ဟု ပဲခူးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောကြားသည်။
“မနေ့ကပြန်ရောက်လာတဲ့ ၁၃၈ ဦးမှာ ပဲခူးတိုင်းအနောက်ခြမ်းက ၁၃၁ ဦးပါတယ်။ ကျန် ၇ ဦးက ရွှေကျင်နဲ့ပဲခူး ကဖြစ်ပြီး သီးခြားစောင့်ကြည့်စခန်းတွေမှာ သီးသန့်စောင့်ကြည့်မှုခံယူရမှာပါ” ဟု ၎င်းကပြောဆိုသည်။
၎င်းတို့သည် ရှမ်းပြည်နယ် ချင်းရွှေဟော်မြို့မှတစ်ဆင့် ကုန်တင်ကားများဖြင့် ပြန်လည်ဝင်ရောက်လာကြပြီး မေလ ၁၅ ရက်နေ့ နံနက် ၄ နာရီခန့်က ပဲခူးမြို့သို့ရောက်ရှိလာခြင်းဖြစ်သည်ဟု ANTI COVID-19 BAGO ဘော်လန်တီရာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
“ရောက်ရောက်ချင်းတော့ ပဲခူးမြို့အာသောကစခန်းမှာ ထားလိုက်ရတယ်။ ရွှေကျင်က ခြောက်ဦးလာခေါ်သွားပြီ။ ပဲခူးမြို့ခံတစ်ဦးပါတယ်။ ကျန်တဲ့ ပြည်တော်ဝင်တွေက ပဲခူး အနောက်ခြမ်းကပါ” ဟု ၎င်းကဆက်ပြောဆိုသည်။
ပဲခူးတိုင်းအတွင်း မေလ ၁၅ ရက် နေ့အထိ Quarantine စခန်း ၅၁၁ ခု၌  ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား ၃၂၆၃ ဦးရှိပြီး ဆေးရုံများ၌ သံသယလူနာအဖြစ် ခြောက်ဦးကို ကုသပေးနေရပြီး ယခုရက်ပိုင်း တရုတ်နှင့်ထိုင်းနိုင်ငံမှ  ပြန်လည်ဝင်ရောက်လာသူများသည်ဟု တိုင်းအစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ 
R-12

Source : The Voice