fbpx

တာမွေမြို့နယ်တွင် COVID-19 ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်တမ်းကောက်ယူ

တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်တွေမှာ COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးစစ်တမ်းကောက်ယူခြင်း၊ သို့မဟုတ် ကူးစက်ရောဂါ ရှာဖွေစုံစမ်းဖော်ထုတ်ခြင်း (Fever Surveillance) ကို မေ ၁၇ ရက်နေ့ မနက်ပိုင်း ပြုလုပ်ခဲ့ပါတယ်။

အစုအဖွဲ့ပေါင်း ၄၅၀ နဲ့ ကိုယ်ပူချိန်စစ်ဆေးတာ၊ ဆောင်ရန် ရှောင်ရန်တွေနေဲ့ အချက်အလက် ကောက်ယူတာတွေ ဆောင်ရွက်ခဲ့ပါတယ်။

ကျန်းမာရေးစစ်တမ်း ကောက်ယူတာကို လှိုင်သာယာမြို့နယ်မှာလည်း မနေ့က ပြုလုပ်ခဲ့သလို ရန်ကုန်တိုင်းအတွင်း ပိုးတွေ့လူနာ အများဆုံးမြို့နယ်တခုဖြစ်တဲ့ အင်းစိန်မြို့နယ်မှာလည်း ပထမဆုံးအနေနဲ့ လူထုကျန်းမာရေးစစ်တမ်း ကောက်ယူတာကို ပြီးခဲ့တဲ့ မေ ၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

Photo – JPaing / MPA

Source : DVB