fbpx

နေမာလက်သစ် အသက် ၁၇ နှစ်အရွယ် ဘရာဇီးလူငယ်တဲလက်စ်မက်ဂ်နိုကို လီဗာပူးအသင်းပစ်မှတ်ထား

လီဗာပူး၊ မေ ၁၆
လီဗာပူးအသင်းသည် အသက် ၁၇ နှစ်အရွယ် ဘရာဇီးလူငယ် တဲလက်စ်မက်ဂ်နို အားခေါ်ယူရန်စိတ်ဝင်စားနေကြောင်း Dailymail ကဖော်ပြခဲ့သည်။ 
မက်ဂ်နိုသည် ဘရာဇီးနိုင်ငံ၏အနာဂတ်ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရပြီး နေမာလက်သစ်ဟု နာမည်ကြီးနေသူဖြစ်သည်။ 
အသက် ၁၇ နှစ်အရွယ်သာရှိသေးသော်လည်း ဘရာဇီးစီးရီးအေတွင် ဗာစကိုဒဂါးမားအသင်းနှင့်အတူ တစ်ရာသီအပြည့် ပါဝင်ကစားခွင့်ရပြီးသူဖြစ်သလို ဘရာဇီး ယူ-၁၇ အသင်းတွင်ပုံမှန်ပွဲထွက်ခွင့်ရနေသူဖြစ်သည်။ 
တိုက်စစ်မှူးတစ်ဦးအဖြစ် ပါဝင်ကစားလျက်ရှိသော်လည်း လီဗာပူးအသင်းတွင် ဖာမီနိုလုပ်ပြသကဲ့သို့ အသင်းဖော် များနှင့်ချိတ်ဆက်ရာတွင် ဟန်ချက်ညီသည့် မိုဘိုင်းတိုက်စစ်မှူးအရည်အသွေးမျိုးပိုင်ဆိုင်ထားခြင်းကြောင့် ၎င်းကို လီဗာပူးအသင်းက စိတ်ဝင်စားနေခြင်းဖြစ်သည်။ 
ရီယိုဒီဂျနေးရိုးအခြေစိုက် ဗာစကိုဒဂါးမားအသင်းသည် မကြာသေးမီနှစ်များအတွင်းက တင်ရှိခဲ့သည့်ကြွေးမြီများကို ဖြည့်ဆည်းရန် ရှိနေသောကြောင့် ငွေကြေးအခက်အခဲအချို့နှင့် ရင်ဆိုင်နေရပြီး သင့်တော်သည့်ကမ်းလှမ်းမှုရပါက မက်ဂ်နိုကို ထုတ်ရောင်းဖွယ်ရှိနေသည်။ 
ဗာစကိုဒဂါးမားအသင်းသည် ၂၀၁၈ တွင် ပေါ်လင်ဟိုကို ပေါင် ၁၇ သန်းဖြင့် လေဗာကူဆင်ထံသို့ရောင်းချပြီးနောက် ပိုင်းတဲလက်စ်မက်ဂ်နို၏ အပြောင်းအရွှေ့မှများပြားသည့်ငွေကြေးရရန် အခွင့်အရေး ရှိနေသည်။ 
အသင်းအနေနှင့်ပုံမှန်အခြေအနေသို့ ပြန်ရောက်ရန်နှင့် အသက်ရှင်ခွင့်ရရန်အတွက် အရည်အသွေးမြင့်ကစားသမားများကို ရောင်းချရလိမ့်မည်ဟု ဗာစကို ဒဂါးမားအသင်းတာဝန်ရှိသူများက ဆိုထားသည်။
ငြိမ်းပြည့်

Source : The Voice