fbpx

ကော့သောင်းတွင် Quarantine ဝင်နေသူအား လာတွေ့သူထံမှ စိတ်ကြွဆေးများ ဖမ်းမိ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ မေလ ၁၇ ရက် ညနေပိုင်းက  Quarantine ဝင်နေသူကို လာရောက်တွေ့ဆုံခဲ့တဲ့  ဧည့်သည် အမျိုးသား  ၁ ဦးထံကနေ   WY စိတ်ကြွ မူးယစ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ ကောင်းသောင်းရဲ စခန်းတာဝန်ခံ ဦးဇော်မင်းက ပြောပါတယ်။

ထိုင်းနိုင်ငံအချုပ်ကနေ ပြန်လွတ်လာပြီး အဏ္ဏဝါရပ်ကွက် အထကခွဲ ကျောင်းမှာ Quarantine ဝင်နေတဲ့ နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမား ကော့သောင်း​ဒေသခံတွေကို လာရောက်တွေ့ဆုံတဲ့ ဧည့်တွေ့သူဆီကနေ ဆေးပြားတွေ ဖမ်းဆီးရမိတာပါ။

ဧည့်တွေ့လာတဲ့ အောင်ဆန်းဦးကို မသင်္ကာ​လို့ ဒု ရဲအုပ် သက်နိုင်စိုးနဲ့ တင်ထွန်းအောင်တို့က သက်သေတွေရှေ့မှာ ခန္ဓာကိုယ်အားရှာဖွေရာမှ မုန့်ထုပ်အတွင် ထည့်ထားတဲ့ WY ဆေးပြားတွေကို ဖမ်းဆီရမိခဲ့တယ်လို့ သိရပါတယ်။

မူးယစ်​ဆေးဝါး လက်ဝယ်တွေ့ရှိသူ ကော့သောင်းမြို့ ပုလဲလမ်း၊ ရွှေဇင်ယော်ရပ်ကွက်နေသူ အောင်ဆန်းဦးကို မူး/စိတ် ပုဒ်မ ၁၆ (ဂ) အရ အမှုဖွင့်အရေးယူထားတယ်လို့ သောင်းမြို့ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း- လတ်ကိုကိုဦး

Source : DVB