fbpx

ရန်ကုန်မြို့ အချိန်ပိုင်းဓာတ်အား ပြတ်တောက်မည်

ရန်ကုန်၊ မေ ၁၈ 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မေလ ၁၉ ရက်နေ့နှင့် ၂၁ ရက်နေ့တွင် နံနက် ၉နာရီမှ ၁၂ နာရီအချိန် အထိ အချိန်ပိုင်းဓာတ်အား ပြတ်တောက် မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှ သိရသည်။ 
လျှပ်စစ်ဓာတ်အားပြတ်တောက်ရခြင်းမှာ ဟောင်းနွမ်း၍ ဝန်အားမနိုင်သည့် (၁၁)ကေဗီ ဓာတ်အား လိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ် များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် အချိန် ပိုင်း ဖြတ်တောက်ရမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။ 
အဆိုပါ လုပ်ငန်းဆောင်ရွက်စဉ်အချိန် အတွင်း မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဗိုလ်တထောင်၊ တောင် ဥက္ကလာပ၊ ရန်ကင်း၊ ဒေါပုံ ၊ ဒဂုံမြို့သစ် ဆိပ်ကမ်း၊ သာကေတ၊ ပုဇွန်တောင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ရွှေပေါက်ကံ၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း ၊ လမ်းမတော်၊ လသာ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ အလုံ၊ ဗဟန်း၊ သန်လျင်၊ ကော့မှူး၊ ကျိုက်ထော်၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေလင်ဗန်း၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ထောက်ကြန့်၊ လှည်းကူး၊ ဒါးပိန်၊ အင်းတိုင်၊ ဖောင်ကြီး ၊ မြောင်းတကာ၊ ဥက္ကံ၊ တိုက်ကြီး၊ အဖျောက်မြို့နယ်များရှိ ရပ်ကွက်အချို့တို့တွင် အဆိုပါရက်များ၌ အချိန်ပိုင်းဓာတ်အား ပြတ်တောက်မည် ဖြစ်သည်။ 
လုပ်ငန်းဆောင်ရွက်ရခြင်းကြောင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ရခြင်းဖြစ်သောကြောင့် ယာယီဓာတ်အား ပြတ်တောက်ရခြင်းအတွက် လူမှုရေး အခက်အခဲများ ပေါ်ပေါက်လာနိုင်မှုများအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးကြေညာထားသည်။
S-05

Source : The Voice