fbpx

မက္ကဆီကိုတွင် စီးပွားရေးလုပ်ငန်းများ ပြန်ဖွင့် 

မက္ကဆီကိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၀,၀၀၀ ကျော်နေပြီး စိတ်မချရတဲ့ လုပ်ငန်းခွင်နေရာတွေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေရှိပေမယ့် မေ ၁၈ ရက်က စီးပွားရေးလုပ်ငန်းတွေကို  ပြန်ဖွင့်နေပါပြီ။ 

မော်တော်ကားထုတ်လုပ်ရေး၊ သတ္တုတွင်းနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေမှာ လုပ်ငန်းတွေ ပြန်စဖို့ အစိုးရက လမ်းညွှန်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ညတွင်းချင်း ထုတ်ပြန်ခဲ့တဲ့ အစိုးရလမ်းညွှန်ချက်တွေအရ ကုမ္ပဏီတွေဟာ  အာဏာပိုင်တွေကို ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းအတွက် ကျန်းမာရေးအစီအစဉ်တွေ တင်ပြရမှာပါ။  

အဲဒီနောက်မှာတော့ အာဏာပိုင်တွေက ၇၂ နာရီအတွင်း လုပ်ငန်းတွေ ပြန်စလို့ ဖြစ်၊ မဖြစ်   ကုမ္ပဏီတွေကို အကြောင်းပြန်သွားမှာ ဖြစ်ပါတယ်။

မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရေဒိုက ကုမ္ပဏီတွေဟာ လုပ်သားကာကွယ်ပေးရေး   စစ်တမ်းမေးခွန်းတွေကို ဖြေဆိုရမယ်လို့  ပြောဆိုထားပါတယ်။

လက်ရှိ မက္ကဆီကိုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅,၃၀၀ ကျော် ရှိနေပါတယ်။  

မက္ကဆီကန် အာဏာပိုင်တွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုမရှိစေဘဲ အရေးပါတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လို ပြန်ဖွင့်မလဲဆိုတာ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

Source : DVB