fbpx

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၁၉ ဘီလီယံကျော် ရှိနေဟုဆို

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၁၉ ဘီလီယံကျော် ရှိနေဟုဆို
နေပြည်တော်၊ မေ ၂၀ ရက်
နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ အနေဖြင့် (၂၀၁၆ ဧပြီလမှ ၂၀၁၉ ဒီဇင်ဘာလအထိ ) နိုင်ငံခြား ရင်းနှီး မြှုပ် နှံမှု လုပ်ငန်းပေါင်း ၇၉၉ ခုတို့ကို စိစစ် ခွင့်ပြုနိုင်ခဲ့ပြီး ယင်း လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု သည် အမေ ရိကန်ဒေါ်လာ ၁၉ ဒသမ ၄၅၅ ဘီလီယံရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက် သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘရတ်ဆင်းက ပြောသည်။
ယနေ့(မေ ၂၀)ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပွင့်ဖြူ မဲဆန္ဒနယ် မှ ဦးထွန်း ထွန်း ဦး ကနိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်သောမေးခွန်းကို မေးမြန်းခဲ့ခြင်းဖြစ်ပြီး ၎င်းက အထက်ပါအတို င်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု အနေဖြင့် ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၁၃၈ ခုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၅ ဘီလီယံ၊ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၂၂၂ ခုမှ အမေ ရိကန်ဒေါ်လာ ၅ ဒသမ ၇၁၈ ဘီလီယံ၊ ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာထိ ခြောက်လ ဘတ်ဂျက် )တွင် လုပ်ငန်း ၈၅ ခုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆၅ ဘီလီယံ၊ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာ မှ စက်တင် ဘာအထိ )လုပ်ငန်း ၂၈၂ ခုမှ ကန်ဒေါ်လာ ၄ ဒသမ ၁၅၈ ဘီလီယံ၊ ၂၀၁၉ ခုနှစ် (အောက်တိုဘာမှ ဒီဇင်ဘာ )အထိ လုပ်ငန်း ၇၂ ခုမှ ကန်ဒေါ်လာ ၁ ဒသမ ၁၆၄ ဘီလီယံ ကို ရင်းနှီးမြုပ်နှံမှုရရှိ ထားခြင်း ဖြစ် ကြောင်း ဒုတိယ ဝန်ကြီးက ရှင်းပြသည်။
ယင်းအပြင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဧပြီလမှ ၂၀၁၉ ဒီဇင်ဘာလ အထိ လုပ်ငန်းပေါင်း ၄၇၃ ခုတို့အား စိစစ်ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ် ၈၉၁၄ ဒသမ ၁၉၁ ဘီလီယံ ရှိခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏတွင် စင်ကာပူနိုင်ငံသည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၈၅ ဘီလီ ယံဖြင့် အများဆုံးအဖြစ် ဦးဆောင်နေပြီး တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၇၄ ဘီလီယံ၊ ဟောင်ကောင်သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၁၅ ဘီလီယံ နှင့် တတိယ နေရာတွင်ရှိနေ သည်။
ယင်းအပြင် ဗီယက်နမ်၊ ထိုင်း၊ ဂျပန်၊ နယ်သာလန်၊ ကိုရီးယား သမ္မတနိုင်ငံ၊ အမေရိကန်၊ ထိုင်ဝမ် နိုင်ငံတို့က အဆင့်အလိုက် ရင်းနှီးမြှုပ်နှံထားသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ပြည်တွင်း လုပ်သား ၄၆၄,ဝ၅၉ ဦး၊ ပြည်ပ လုပ်သား ၁၃,၇၃၄ ဦး ( စုစုပေါင်း ၄၇၇,၇၉၃ ဦး ) နှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ပြည်တွင်း လုပ်သား ၆၅,၇၀၅ ဦး၊ ပြည်ပ လုပ်သား ၁,၂၆၅ ဦး -( စုစုပေါင်း ၆၆,၉၇၄ ဦး)ကို အလုပ်အကိုင် အခွင့်အလမ်းရစေခဲ့ကြောင်း ဒုတိယ ဝန်ကြီးကထပ်လောင်း ပြောကြားခဲ့သည်။

Source : The Voice