fbpx

စပိန်ကလပ်အသင်းတချို့ လေ့ကျင့်ခန်း ပြန်စ

စပိန်ကလပ်တွေဖြစ်တဲ့ ဂရန်နာဒါ၊ ဘက်တစ်နဲ့ ဗယ်လာဒိုးလစ်အသင်းတို့ဟာ မေလ ၂၀ ရက် က လေ့ကျင့်ခန်းပြန်စခဲ့ပါတယ်။

စပိန်ကလပ်တွေဟာ အခုလဆန်းပိုင်းကတည်းကတစ်ဦးချင်း လေ့ကျင့်မှုတွေ စတင်ခဲ့ကြပြီး လက်ရှိအချိန်မှာတော့ ၁၀ ဦးထက် မပိုစေဘဲ လေ့ကျင့်ခန်းဆင်းနေကြတာပါ။ 

မကြာခင်အချိန်မှာ ကစားသမားအစုံအလင်နဲ့ လေ့ကျင့်နိုင်ဖို့ မျှော်မှန်းထားပြီး လာမယ့်ဇွန်လမှာ ပြိုင်ပွဲစတင်ကစားဖို့ လာလီဂါအဖွဲ့ချုပ်က စီစဉ်ထားပါတယ်။

 ဂျာမနီဘွန်ဒက်စ်လီဂါပြိုင်ပွဲကိုတော့ ပြီးခဲ့တဲ့ မေလ ၁၆ ရက်က ပြန်လည်စတင်ခဲ့ပြီးနောက် စပိန်၊ အီတလီနဲ့ အင်္ဂလန်အပါဝင် တခြားဥရောပလိဂ်တွေဟာလည်း ဇွန်လအလယ်မှာ ပြန်လည်စ တင်ဖို့ ပစ်မှတ်ထားနေကြပါတယ်။ 

Source : DVB