fbpx

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒို  လေ့ကျင့်ခန်းပြန်ဆင်း

ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ၅ ကြိမ်ရ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ မေလ ၁၉ ရက်က အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန် ဆင်းနေ ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ပြီးခဲ့တဲ့မတ်လ ၈ ရက်မှာ လိဂ်ပြိုင်ပွဲရပ်နားခဲ့ပြီးနောက် ရော်နယ်ဒိုဟာ ပေါ်တူဂီနိုင်ငံဆီ ပြန်သွားခဲ့ပြီဂ  အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ၇၂ ရက်အကြာမှာ ပထမဆုံးအကြိမ် ပြန် လာရောက်ခဲ့တာပါ။

အခုလအစောပိုင်းက ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ အီတလီကို ပြန်လာခဲ့တဲ့ရော်နယ်ဒိုဟာ အီတလီအစိုးရရဲ့ သတ်မှတ်ချက်အရ quarantine  သီတင်း  ၂ ပတ်ဝင်ခဲ့ရပါတယ်။ 

စီးရီးအေကလပ်တွေရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကို မေလာ ၄ ရက်ကတည်းက စတင်ခဲ့ပေ မယ့် အုပ်စုငယ်လေးတွေခွဲပြီး  လေ့ကျင့်ခွင့်ပဲရရှိသေးတာပါ။ 

ဂျူဗင်တပ်အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ တိုက်စစ်မှူးဒီဘားလား လည်း ပြန်လည်လေ့ကျင့်နေပြီ ဖြစ်ပါတယ်။ 

ဒါပေမယ့် တိုက်စစ်မှူး ဟီဂွာအင်ကတော့ အာဂျင်တီးနားကနေ ပြန်ရောက်လာပြီးနောက် ၂ ပတ်ကြာ quarantine ဝင်နေပါတယ်။ 

အီတလီစီးရီးအေပြိုင်ပွဲကို လာမယ့်ဇွန်လ ၁၄ ရက် နောက်ပိုင်းမှာ ကျင်းပ နိုင်ဖွယ်ရှိပါတယ်။ 

Source : DVB