fbpx

ဂ်ပန္က ကမ်းလှမ်းလာသည့် ယန်း ၃၀ ဘီလီယံကို လက်ခံချေးယူရန် လွှတ်တော်သို့တင်ပြ

နေပြည်တော်၊ မေ ၂၁
Covid-19 ကြောင့်ထိခိုက်ခဲ့သည့် စီးပွားရေးအတွက် ဂျပန်နိုင်ငံမှ ကမ်းလှမ်းလာသည့် ဂျပန်ငွေ ယန်း ၃၀ ဘီလီယံကို လက်ခံချေးယူရန် လွှတ်တော်သို့တင်ပြလိုက်သည်။
မေလ ၂၁ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ယင်းကိစ္စကို နိုင်ငံတော်သမ္မတက အကြောင်းကြားစာပေးပို့ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံ၊ဘဏ်ဏ္ဍာ၊စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လာရောက်တင်ပြခဲ့ခြင်းဖြစ်သည်။
ကမ်းလှမ်းလာသည့် ငွေကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေးဂျင်စီ (JICA) ထံမွ ချေးယူရမည်ဖြစ်ပြီး ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀ စုစုပေါင်းချေးငွေသက်တမ်းသည် နှစ်၄၀ ဖြစ်ကာ အတိုးနှုန်းမှာ ၀.၀၁ ရာခိုင်နှုန်းဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။
ယင်းအပြင် အစည်းအဝေးတွင် အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးအတွက် အာမခံကော်ပိုရေးရှင်းတည်ထောင်ရန် အာရှဖွံဖြိုးရေးဘဏ် မွ အမေရိကန်ဒေါ်လာ သန်း ၆၀၊ျမန္မာ-ကိုရီယား ချစ်ကြည်ရေး ဒလတံတားစီမံကိန်းတွင် လိုအပ်နေသည့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကို စီးပွားရေးဖွံဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ အဖွဲ့ထံမှ အမေရိကန်ဒေါ်လာ သန်း ၂၀ တို့ကို ချေးယူရန် ဒုဝန်ကြီးက တင်ပြခဲ့သည်။
ယင်းချေးငွေများနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက အကြောင်းအရာကိုဖော် ပြ၍ လွှတ်တော်ရုံးသို့ အမည်စာရင်းပေးပို့ရန် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

Source : The Voice