fbpx

တရုတ်ပို့သရက်သီး ဈေးကောင်းပြန်ရ

ရန်ကုန်၊ မေ ၂၁
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့သည့် သရက်သီးမ်ားမွာ ဈေးကောင်းပြန်လည်ရရှိကြောင်း ခွာညိုသစ်သီးပွဲရုံထံမှ သိရသည်။
“ဖရဲသီးကေတာ့ အဝယ်မရှိသလောက်နည်းပါပြီ။ တရုတ်ဘက်က ဖရဲစထွက်နေတော့။ ရွှေဟင်္သာသရက်သီးတွေ အရည်အသွေးအလိုက်ဈေးရတယ်။ စိန်တလုံးသရက်သီးတွေလည်း ဈေးကောင်းပြန်ရပါပြီ” ဟု သစ်သီးကုန်သည်တစ်ဦးက ပြောကြားသည်။
သို့သော် စိန်တလုံးသရက်များသည် အရောင်၊ အလေးချိန်အလုံးကြီး၊ အသေးပေါ်မူတည်၍ အရည်အသွေးကြောင့် ဈေးကွာဟမှုရှိကြောင်း ယင်းကုန်သည်များထံမှ သိရသည်။
မေ ၂၀ ရက်နေ့တွင် စိန်တလုံးခြင်းပြတ်အိတ်စွပ်ဈေးနှုန်းများမှာ တရုတ်ငွေယွမ် ၁၀၀ မွ ၁၃၀၊ အလယ်အလတ် အရည်အသွေးများမှာ ယွမ် ၆၀ မွ ၈၀ ပေါက်ဈေးရှိပြီး ရွှေဟင်္သာသရက်ဈေးနှုန်းမှာ ယွမ် ၈၀ မွ ၁၀၀၊ အလယ်အလတ် အရည်အသွေးမှာ ယွမ် ၄၀ မွ ၆၀ ပေါက်ဈေးရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က စိန်တလုံးခြင်းပြတ်အိတ်စွပ်ဈေးနှုန်းများမှာ ယွမ် ၅၀ မွ ၈၀၊ အလယ်အလတ် အရည်အသွေးများမှာ ယွမ် ၃၀ မွ ၅၀ အထိ ပေါက်ဈေးရှိကြောင်း မူဆယ်ရှိပွဲရုံများထံမှ သိရသည်။
S-07

Source : The Voice