fbpx

ဝူဟန်တွင် ၉ တန်းကျောင်းသား ၇ သောင်းကျော် ကျောင်းပြန်တက်နေ 

ဝူဟန်တွင် ၉ တန်းကျောင်းသား ၇ သောင်းကျော် ကျောင်းပြန်တက်နေ 

DVB

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ စတင်ပြန့်ပွားရာ တရုတ်ပြည် ဝူဟန်မှာ အခုတော့ ကျောင်းတွေ ပြန်ဖွင့်နေပြီး ကိုးတန်း ကျောင်းသား ၇၂၈၀၀ လောက်  ကျောင်းပြန်တက်နေကြပါတယ်။

ကျောင်းသားတွေဟာ တင်းကျပ်တဲ့ စည်းကမ်းအရ နှာခေါင်းစည်းတပ်ရမှာ ဖြစ်ပြီး ကျောင်း ထဲဝင်ရင် ကိုယ်အပူချိန်လည်းတိုင်းရပါတယ်။

ကျောင်းမှာ အတန်းတတန်းချင်းစီကို ကျောင်းသား ၃၀ ပဲ ထားရှိမှာ ဖြစ်ပါတယ်။ ကျောင်းမှာ သီးသန့်ဆေးခန်းတွေနဲ့ ရောဂါ ကာကွယ်ရေးပစ္စည်းတွေလည်း  ထားရှိပေးသွားမှာပါ။

ဝူဟန် ကျီယီအလယ်တန်းကျောင်းအုပ်ကြီးကတော့ ကျောင်းမှာ ခုနှစ်တန်းနဲ့ ရှစ်တန်းတွေ အတွက်အတန်းတွေ ပြန်မဖွင့်သေးပေမဲ့  အခု ဖွင့်တဲ့ ကိုးတန်းကျောင်းသားတွေအတွက် နေရာ အလုံအလောက်ရှိတယ် ပြောပါတယ်။

တရုတ်ပြည်မကြီးမှာ COVID-19 အတည်ပြုလူနာဟာ ၈၂၀၀၀  ကျော်ရှိပြီး ဒီထဲက ၇၈၀၀၀ ကျော်က ပြန်လည်ကောင်းမွန်ခဲ့တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။ 

Source : DVB